၁၀ လအတွင်း တွင်းထွက်သယံဇာတ တင်ပို့မှုမှ ဒေါ်လာသန်း ၂၃၀ ကျော် ရရှိထား

0
160

လက်ရှိဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ တွင်းထွက်သယံဇာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၄၇၇ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဧပြီလမှ ဇန်နဝါရီလအတွင်း အစိုးရကဏ္ဍမှ တွင်းထွက်သယံဇာတင်ပို့မှု ကန်ဒေါ်လာ ၂၃ ဒသမ ၄၃ သန်းရှိပြီး ပုဂ္ဂလိကကဏ္ဍမှ ကန်ဒေါ်လာ ၂၁၂ ဒသမ ၀၄ သန်းဖိုးရှိကြောင်း သိရသည်။ အဆိုပါ ပို့ကုန်ရငွေသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ရရှိခဲ့သည့် တွင်းထွက်သယံဇာတ ရောင်းချရမှုတန်ဖိုး ကန်ဒေါ်လာ (၅၆၄) သန်းနှင့် နှိင်းယှဉ်ပါက အဆိုပါ တင်ပို့မှုပမာဏသည် ဒေါ်လာသန်း (၃၃၀) သန်းခန့် လျော့နည်းသွားခြင်း ဖြစ်သည်။

ပြည်ပသို့ တင်ပို့ရောင်းချသည့် တွင်းထွက်အမယ်များထဲတွင် ကျောက်မျက်ရတနာ၊ ရွှေ၊ ကျောက်စိမ်း၊ ပုလဲ၊ စိန်၊ အဖြိုက်နက်၊ သံဖြူ၊ ငွေ၊ ကြေးနီ၊ သွပ်၊ မီးသွေးနှင့် အခြားသော တွင်းထွက်သယံဇာတများ ပါဝင်ကြောင်း သိရသည်။

ယင်းအပြင် အမျိုးသားစီမံကိန်းဥပဒေ၏ ရည်မှန်းချက်အရ မြန်မာနိုင်ငံသည် ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံနှင့် သွင်းကုန်ဝင်ငွေ ကန်ဒေါ်လာ ၁၄ ဘီလီယံ ရရှိရန် ရည်မှန်ထားကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here