ကာကွယ်ရေးရုံးများ၌ တရုတ်ထုတ်ကင်မရာများတပ်ဆင်ထားမိပါက ပြန်လည်စစ်ဆေးရန် ဩစတြေးလျညွှန်ကြား

0
126

ဆစ်ဒ်နီ၊ဖေဖော်ဝါရီ ၉

ဩစတြေးလျ၌ ကာကွယ်ရေးဌာနရုံးများတွင်အသုံးပြုသည့် ထောက်လှမ်းရေးနည်းပညာကို စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မားစ်ကပြောကြားခဲ့သည်။အဆိုပါနေရာများ ၌ တပ်ဆင်ထားသောတရုတ်လုပ်ကင်မရာများက လုံခြုံရေးကျိုးပေါက်မှုအန္တရာယ်မြင့်မားကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် ယခု ကဲ့သို့ပြုလုပ်ခြင်းလည်းဖြစ်သည်။

နိုဝင်ဘာလ၌ ဗြိတိန်က ၎င်း၏ဌာနများနှင့်အရေးကြီးအဆောက်အအုံများတွင် တရုတ်ကင်မရာများတပ်ဆင်ထားပါက ဖြုတ်သိမ်းရန်တောင်းဆိုမှုပြုပြီးချိန်၌ ဩစတြေးလျက ယခု ကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကရှိပြည်နယ်အချို့သည်လည်း တရုတ်နည်းပညာကုမ္ပဏီများထံမှ ရောင်းချသူများနှင့်ထုတ်ကုန်များအား ပိတ်ပင်ထားကြောင်းလည်းသိရသည်။ယခုချိန်မှာသေချာစုံစမ်းစစ်ဆေးမှုပြုလုပ်နေပြီး အဆိုပါကင်မရာများရှိပါက ချက်ချင်းဖယ်ပစ်မည်ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

သို့သော်လည်း ဩစတြေးလျနှင့်တရုတ်တို့သည် ၂၀၁၈ ခုနှစ်က ကန်ဘာရာက ဟွာဝေးအား  ၎င်း၏ 5G ကွန်ရက်ကိုပိတ်လိုက်ပြီးနောက် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးအား သံတမန်နည်းအရ ပြန်လည်ထူထောင်နိုင်ရန်လည်းကြိုးပမ်းနေကြကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here