ထိုင်ဝမ်နှင့် ဆက်ဆံရေးကို အဆုံးသတ်စေနိုင်သည့် ရွေးကောက်ပွဲမတိုင်မီ ပါရာဂွိုင်း သမ္မတ တိုင်ပေသို့ သွားရောက်လည်ပတ်မည်

0
227

တိုင်ပေ၊ ဖေဖော်ဝါရီ ၉

နှစ်နိုင်ငံ ဆက်ဆံရေးကို အဆုံးသတ်စေနိုင်သည့် ရွေးကောက်ပွဲမတိုင်မီ ပါရာဂွိုင်း သမ္မတ မာရီယို အဗ္ဗဒိုသည် လာမည့်အပတ်တွင် ထိုင်ဝမ်သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။

အဗ္ဗဒိုသည် သူ၏ နိုင်ငံခြားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများနှင့်အတူ ထိုင်ဝမ်သို့ ဖေဖော်ဝါရီ ၁၄ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ သွားရောက်မည်ဖြစ်ပြီး သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံသွားမည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက် ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် အဗ္ဗဒိုသည် အသားအရောင်းအဝယ်မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းဆိုင်ရာ ရှင်းလင်းပွဲသို့ တက်ရောက်သွားမည်ဖြစ်သည်။

ပါရာဂွိုင်း နိုင်ငံသည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးထားရှိသည့် နိုင်ငံ ၁၄ နိုင်ငံအနက်မှ တစ်နိုင်ငံဖြစ်ပြီး ၆၅ နှစ်ကျော်ကြာ ဆက်ဆံရေး သက်တမ်းရှိသည့် သက်တမ်းအရင့်ဆုံး မဟာမိတ်လည်းဖြစ်သည်။

သို့ရာတွင် ပေကျင်းသည် အဆိုပါ ကျန်ရှိနေသာ မဟာမိတ်များအား ထိုင်ဝမ်နှင့် ဆက်ဆံရေး ဖြတ်တောက်ရန်အတွက် ကြိုးပမ်းမှုများကို အရှိန်မြှင့်တင်လာလျက်ရှိသည်။

ထို့ပြင် ပါရာဂွိုင်း လက်ရှိအစိုးရ၏ အတိုက်အခံပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရပါက ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက်ကာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးလမ်းဖွင့်သွားမည်ဟုလည်း ပြောကြားထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here