ငါးလုပ်ငန်းဦးစီးဌာနမှ ငါးပုဇွန်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြေနေရာနှင့်ဆက်စပ်စက်ပစ္စည်းများအား BOT စနစ်ဖြင့်ဌားရမ်းလုပ်ကိုင်ခွင့်ပြုမည်

0
383

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ အအေးခန်းစက်ရုံတည်ဆောက်၍ ငါးပုဇွန်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် BOT စနစ်ဖြင့်ဌားရမ်းလုပ်ကိုင်ခွင့်ပြုရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ငါးလုပ်ငန်းဦးစီးဌာနမှ ရန်ကုန်တိုင်း၊အင်းစိန်မြို့နယ်၊အနောက်ကြိုကုန်းရပ်ကွက်ရှိ မြေတိုင်းအမှတ် ၂/၂ ပေါ်တွင် တန် ၅၀၀ ဆန့်အအေးခန်းစက်ရုံတည်ဆောက်၍ ငါးပုဇွန်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြေနေရာနှင့်မြေပေါ်ရှိ ဆက်စပ်စက်ပစ္စည်းများအား BOT စနစ်ဖြင့် ဌားရမ်းသွားမည်ဖြစ်သည်။

ထို့ကြောင့် ငါးပုဇွန်ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ကုမ္ပဏီများအနေဖြင့် တင်ဒါအဆိုပြုလွှာနှင့်စည်းကမ်းချက်များအား တစ်စုံလျင်ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် နေပြည်တော်ရှိ ငါးလုပ်ငန်းဦးစီးဌာန၏ စီမံရေးရာဌာနတွင်ဝယ်ယူနိုင်ကြောင်း သိရသည်။

ယင်း တင်ဒါအဆိုပြုလွှာများအား ငါးလုပ်ငန်းဦးစီးဌာနရုံးချုပ်တွင် ဖေဖော်ဝါရီ ၈ ရက်မှ ၁၄ ရက်အထိ နံနက် ၉ နာရီခွဲမှနေ့လည် ၃ နာရီခွဲအထိ ရောင်းချပေးသွားမည်ဖြစ်သည်။

ထို့ပြင် တင်ဒါအဆိုပြုလွှာများအား ဖေဖော်ဝါရီ ၁၆ ရက်နံနက် ၉ နာရီခွဲမှနေ့လည် ၃ နာရီခွဲအတွင်း ငါးလုပ်ငန်းဦးစီးဌာနရုံးချုပ်သို့ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here