ဦးမိုးမြင့် မှ ထိုင်းနိုင်ငံရောက် ကယန်း အမျိုးသမီး လက်ဝှေ့သမား ကို ဆုချီးမြှင့်

0
306

ထိုင်းနိုင်ငံရောက် ကယန်း အမျိုးသမီး လက်ဝှေ့သမား ဘရော်နီကာ ကို စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူ ဦးမိုးမြင့် က ထိုင်းဘတ်ငွေ ၅၅၀၀၀ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

ဖေဖော်ဝါရီလ ၅ရက်နေ့ ထိုင်းနိုင်ငံဆာလာဘူရီလုံဖောလွေီ မှာကျင်းပသော ထိုင်းဖိုက်ပြိုင်ပွဲကို လာရောက်အားပေးဖို့ Vero Nika နဲ့ဘရာဇီးလက်ဝှေ့မယ် YULY ALVES တို့ ယှဉ်ပြိုင်ခဲ့ပြီး Vera က အနိုင်ရရှိခဲ့တဲ့အတွက် ယခုလို ချီးမြှင့်တာလို့သိရပါတယ်။

“ပြိုင်ပွဲကို အနိုင်ယူပေးလို့ အန်ကယ်ဦးမိုးမြင့်မှ Veroကို ဘတ်ငွေ၅၅၀၀၀Bဆုချီးမြင့်ပေးခဲ့တယ်။လက်ဆောင်လည်းထည့်ပေးခဲ့သေးတယ်။အခုလို အသိမှတ်ပြုပြီး ဆုချီးမြင့်ပေးတဲ့အတွက် အန်ကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့် မြန်မာနိုင်ငံ မြန်မာပြည်သူပြည်သားများအတွက် Vero ဒီထက်မက ပိုကြိုးစားပါ့မယ်ရှင့်”လို့ သူကိုယ်တိုင် အသုံးပြုတဲ့ လူမှုကွန်ရက် စာမျက်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

Vero Nika က ကြေးစား မွေထိုင်း လက်ဝှေ့ကစားသမားတစ်ယောက် ဖြစ်ပြီး Thai Fight လက်ဝှေ့ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကစားနေသူလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here