မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေး၊ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုနှင့်အနာဂတ်ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်မည်

0
700

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့၌ ဖေ ဖော်ဝါရီ ၉ ရက်နံနက် ၁၁ နာရီကကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ သံအမတ်ကြီးဦးစိုးဟန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးစိုးဟန်က မြန်မာနိုင်ငံ၏နိုင်ငံရေး၊စီးပွားရေးဖြစ်ပေါ်တိုးတက်မှုများ၊ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ကိုဗစ်(၁၉)ရောဂါကြောင့် စီးပွားရေးပြန်လည်ကုစားရန် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့်အခြေအနေများကို အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေး၊ကုန် သွယ်ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့်အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုတို့အားတိုးမြှင့်သွားမည်ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ 

ထို့နောက် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe ၊ ဂျပန်ကာကွယ်ရေးဦးစီးချုပ်ဟောင်း Mr. Shigeru Iwasaki၊ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Koriki Jojima တို့က ဂုဏ်ပြုဝမ်း မြောက်ကြောင်း၊နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ဆက် ဆံရေးတိုးမြှင့်ရေးဆိုင်ရာတို့အား ဂုဏ်ပြုမိန့်ခွန်းများပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံတို့မှ ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များ၊မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အာဆီယံသံရုံးများမှသံအမတ်ကြီးများနှင့်ဇနီးများ၊ဂျပန်နိုင်ငံ အခြေစိုက်သံရုံးများမှသံအမတ်ကြီးများ/သံရုံးယာယီတာဝန်ခံများနှင့်၎င်းတို့၏ဇနီးများ၊သံရုံး ဒု-အကြီးအကဲများနှင့်သံတမန်များ၊စစ်သံမှူးများ၊မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်းများမှ တာဝန်ရှိသူများ၊ Asia-Pacific Ladies Friendship Association (ALFS)မှတာဝန်ရှိသူများ၊ Tokyo Women Club မှ တာဝန်ရှိသူများ၊ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Mr. Hideo Watanabe၊ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း Mr. Shigeru Iwasaki ၊ ဂျပန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Mr. Koriki Jojima၊ ဂျပန်စီးပွားရေးကုမ္ပ ဏီများမှတာဝန်ရှိသူများ၊ဂျပန်နိုင်ငံရောက် မြန် မာနိုင်ငံသားများ၊ဂျပန်နိုင်ငံတွင် ပညာသင်ကြားနေကြသည့် မြန်မာအစိုးရ ပညာတော်သင်များနှင့် ပုဂ္ဂလိကပညာသင်များ၊ ဂျပန်နိုင်ငံတက္ကသိုလ်များမှ ပါမောက္ခများ၊ ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here