နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တူကီယဲနိုင်ငံနှင့်ဆီးရီးယားနိုင်ငံနယ်စပ်တို့တွင် ဖေဖော်ဝါရီ ၆ ရက်ကဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်နှင့်ပတ်သက်၍ ယင်း နိုင်ငံသမ္မတများထံ စာနာထောက်ထားကြောင်း သဝဏ်လွှာများပေးပို့ခဲ့သည်။
အဆိုပါ စာနာထောက်ထားကြောင်း သဝဏ်လွှာများအား နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီ ၇ ရက်က အသီးသီးပေးပို့ခဲ့ခြင်းဖြစ်သည်။
တူကီယဲနိုင်ငံနှင့်ဆီးရီးယားနိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် တူကီယဲပြည်သူအများအပြား အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက် စာနာထောက်ထားကြောင်း သဝဏ်လွှာအား တူကီယဲနိုင်ငံသမ္မတ မစ္စတာရီဆက်တေရစ်အာဒိုဂန်ထံပေးပို့ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တူကီယဲနိုင်ငံနှင့်ဆီးရီးယားနိုင်ငံနယ်စပ်တွင်ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် ဆီးရီးယားပြည်သူအများအပြားအသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက် ဆီးရီးယားနိုင်ငံသမ္မတ ဒေါက်တာဘာရှားအယ်-အာဆတ်ထံသို့လည်း စာနာထောက်ထားကြောင်း သဝဏ်လွှာအား ပေးပို့ခဲ့သည်။