ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် အချိန်မီပြန်လည်မှတ်ပုံတင်မည်ဟု PPP ပါတီမှကြေညာ

0
218

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် အချိန်မီပြန်လည်မှတ်ပုံတင်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် ဆက်လက်ရပ်တည်ရန် သတ်မှတ်ချက်အသစ်များမှာ လတ်တလောနိုင်ငံအတွင်းရှိ အခြေအနေများအရ စိန်ခေါ်မှုများစွာရှိနေပါသော်လည်း မိမိတို့ပါတီအနေဖြင့် အဆိုပါစိန်ခေါ်မှုများအား ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီသည် “လူထုဘဝအဓိက” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပေါ်ပေါက်လာသည့် ပါတီတစ်ရပ်ဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း နိုင်ငံတစ်ဝန်လုံး၌ ယှဉ်ပြိုင်ခဲ့ကြောင်း ကြေညာချက်တွင် ထည့်သွင်းရေးသားထားသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ၈ ရက်အထိ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ (၃) ပါတီရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီနှင့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) တို့ဖြစ်ကြောင် UEC မှထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here