တရုတ်မိုးပျံပူဖောင်းရှိ ပစ္စည်းကိရိယာသည် ထောက်လှမ်းရေးအတွက် ဖြစ်သည်ကို ထင်ရှားစွာ တွေ့ရှိရဟု အမေရိကန် အရာရှိတစ်ဦးပြောလာ

0
283

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၀

ယူ ၂ ထောက်လှမ်းရေး လေယာဉ်များက ရိုက်ကူးထားသော အသေးစိတ်ဓာတ်ပုံများအရ တရုတ်မိုးပျံပူဖောင်းတွင် ပါဝင်သော ပစ္စည်းကိရိယာများမှာ ထောက်လှမ်းရေးနှင့် စောင့်ကြည့်လေ့လာရေးတို့အတွက် ရည်ရွယ်ထားသည်ကို ထင်ထင်ရှားရှားတွေ့ရှိရပြီး မိုးလေဝသဆိုင်ရာ မိုးပျံပူဖောင်းတွင် တပ်ဆင်လေ့ရှိသော ကိရိယာများနှင့် မကိုက်ညီကြောင်း နိုင်ငံခြားရေးဌာနမှ ဝါရင့်အရာရှိတစ်ဦး ပြောခဲ့သည်။

အဆိုပါပူဖောင်းတွင် ဆက်သွယ်ရေးလမ်းကြောင်းများကို စုဆောင်းခြင်းနှင့် တည်နေရာရှာခြင်းတို့ကို ပြုလုပ်နိုင်သော အင်တာနာများစွာ ပါရှိသည်ဟု အရာရှိက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ထောက်လှမ်းရေး အာရုံခံကိရိယာ အများအပြားအတွက် လိုအပ်သော စွမ်းအင်ထုတ်လုပ်ပေးရန် ကြီးမားသော ဆိုလာပြားများ တပ်ဆင်ထားကြောင်း အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောခဲ့သည်။

ပို၍ စိုးရိမ်စရာကောင်းတာသည်မှာ တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း ၄၀ ကျော်၏ လေပိုင်နက်များတွင် ထိုသို့သော မိုးပျံပူဖောင်းအမျိုးအစားများကို တွေ့ရှိရခြင်းဖြစ်သည်ဟု ပန်တဂွန်က ပြောထားသည်။

အမည်ဖော်ပြရန် ငြင်းဆိုခဲ့သော်လည်း အဆိုပါ မိုးပျံပူဖောင်းအား ထုတ်လုပ်သည့် ကုမ္ပဏီမှာ တရုတ်စစ်တပ်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု ပန်တဂွန်က ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here