UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးအသစ်က ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံခန့်အပ်လွှာပေးအပ်

0
283

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေထံ အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ဆိုင်ရာကုလသမဂ္ဂ၏ ပူးတွဲအစီအစဉ်(Joint United NationsProgrammeonHIV/AIDS-UNAIDS)၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူး(Country Director)အဖြစ် တာဝန်ထမ်းဆောင်မည့် Dr. Rangaiyan Gurumurthy ကခန့်အပ်လွှာလာရောက်ပေးအပ်ခဲ့သည်။

အဆိုပါ ခန့်အပ်လွှာအား ဖေဖော်ဝါရီ ၉ ရက်ညနေ ၄ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လာရောက်ဂါရဝပြုတွေ့ဆုံ၍ ၎င်း၏ခန့်အပ်လွှာအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here