တိုက်ပွဲများဖြစ်ပွားနေပေမယ့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေ

0
132

ကရင်ပြည်နယ်လမ်းကြောင်းတစ်လျှောက်တွင်တိုက်ပွဲများ ဖြစ်ပွားနေပေမယ့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးသည် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေကြောင်း မြဝတီနယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“ပြီးခဲ့တဲ့ရက်တွေက လမ်းတွေပိတ်တော့ ကုန်သွယ်ရေးကနည်းနည်းအခက်အခဲဖြစ်သွားတာပေါ့။ အခုတော့ ပုံမှန်အတိုင်းပဲ အရောင်းအဝယ်ဖြစ်နေတယ်။ အခက်အခဲမရှိပါဘူး”ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးဖြစ်သူ ဦးသန်းစိုးက ပြောသည်။

ယင်းအပြင် ယခုဘဏ္ဍာနှစ်တွင် တရုတ်ကိုကျော်လွန်၍ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် အများဆုံးကုန်သွယ်မှုပြုလုပ်ထားကြောင်း ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

မြဝတီနယ်စပ်ဂိတ်ကနေ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ပဲတီစိမ်း၊ ငရုတ်(စို/ခြောက်)၊ ဆန်မှုန့်၊ ဆန်ကွဲ၊ ပြောင်းစေ့၊ မြေပဲ၊ မန်ကျည်းသီး(အစေ့ပါ)၊ ပီလောပီနံ၊ ဂေါ်ဖီထုပ် တို့ဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းများမှာ ခရု၊ ငါးတီး၊ ကျောက်ငါး၊ ငါးရှဉ့်၊ ကဏန်း၊ ငါးပိ၊ ငါးဓါးလွယ်၊ ပုစွန်၊ ဂုံး၊ ငါးသလောက်၊ ငါးပါးနီ၊ ပင်လယ်ငါးပြင်မနှင့် CMP တင်ပို့မှုမှာ အမျိုးသား၊အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိကြောင်း သိရသည်။

အများဆုံးပို့ကုန်ပစ္စည်းများအနေဖြင့် CMP၊ SEZ (အထည်အလိပ်)၊ ဆန်မှုန့်၊ ပြောင်းစေ့၊ ဖြတ်စ(အလူမီနီယံဗူးခွံ)၊ မြေပဲ၊ ငါးပိ၊ ငရုတ်၊ မန်ကျည်းသီး(အစေ့ပါ)၊ ကြက်သွန်နီ၊ ရေထွက်၊ ဆန်ကွဲ၊ ပီလောပီနံ၊ ဂေါ်ဖီထုပ်၊ Transformer Main၊ စတီး(ငြမ်းစင်)၊ ပဲတီစိမ်း တို့ဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့်စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာအသုံးပြုလာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ခြင်းကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပိုနိုင်ခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here