ဇန်နဝါရီလအတွင်း ပြည်တွင်းကုမ္ပဏီ ၄၉ ခုမှပြည်ပသို့ ဆန်နှင့်ဇကွဲတန်ချိန် ၂၆၀၀၀၀ ကျော်တင်ပို့ရောင်းချခဲ့

0
106

ပြည်တွင်းကုမ္ပဏီ ၄၉ ခုမှ ပြည်ပနိုင်ငံများသို့ ဇန် နဝါရီလအတွင်း ဆန်နှင့်ဇကွဲတန်ချိန် ၂၆၀၀၀၀ ကျော်တင်ပို့ရောင်းချခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ဇန်နဝါရီလအတွင်း ဆန်တန်ချိန် ၁၇၁၈၁၁ တန်အား ပြည်ပနိုင်ငံ ၂၇ နိုင်ငံနှင့်ဇကွဲ ၉၇၀၂၄ တန်အား ပြည်ပနိုင်ငံ ၄၁ နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တင်ပို့ရောင်းချရာ၌ တရုတ်၊ဘင်္ဂလားဒေ့ရှ်၊ဖီလစ်ပိုင်၊စပိန်နှင့်ဘူဂေးလ်ရီးယားနိုင်ငံတို့မှ မြန် မာနိုင်ငံမှတင်ပို့သည့် ဆန်များအားအများဆုံးဝယ်ယူကာ ဇကွဲအား တရုတ်၊ဘယ်လ်ဂျီယမ်၊ယူနိုက်တက်ကင်းဒမ်း၊နယ်သာလန်နှင့်စပိန်နိုင်ငံတို့မှ အများဆုံးဝယ်ယူခဲ့ကြကြောင်း သိရသည်။

ဆန်နှင့်ဇကွဲများအား ပြည်ပသို့တင်ပို့ရောင်းချရာ ၌ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်း ကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှတဆင့် တင်ပို့ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here