နိုင်ငံတစ်ဝန်းလုံးက စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာများပါသည့် ရွှေသေတ္တာတော်များနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည်ကမ္ပည်းကျောက်စာတော်တို့ကိုဌာပနာတော်သွင်း

0
147

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနများတွင် ဖေဖော်ဝါရီ ၁၀ ရက်(ယနေ့)နံနက်ပိုင်းက ဌာပနာတော်ထည့်သွင်းပူဇော်ခဲ့ကြသည်။

မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် နေပြည်တော်၊ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ နှင့်ဆရာတော်၊သံဃာတော်များ ကြွရောက်တော်မူကာ နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည်ညိုခဲ့သည်။

နစက ဥက္ကဋ္ဌမှ ရတနာရွှေသေတ္တာတော်များ အတွင်းထည့်သွင်းထားသည့် နိုင်ငံတစ်ဝန်းလုံးက စုပေါင်းလှူဒါန်းထားသည့် အဖိုးတန် ရတနာရွှေငွေကျောက်သံ ပတ္တမြားများ၊ နိုင်ငံတကာမှငွေဒင်္ဂါးပြားများနှင့်ဌာပနာပစ္စည်းများကို ကြည့်ရှု၍ ဆရာတော်ကြီးများထံ တင်ပြလျှောက်ထားခဲ့သည်။

ဆရာတော်များက တရားတော်တို့အား ရွတ်ပွားသရဇ္စျာယ်၍ ဘုရားဒါယကာများက ရတနတ္တယပူဇာဂါထာနှင့်သဗ္ဗသင်္ဂါဟကမေတ္တာပို့လင်္ကာနှစ်ပိုဒ်တို့အား ရွတ်ဆိုပွားများပူဇော်ခဲ့ကြသည်။

ထို့နောက် ပါဠိဆရာတော်ကြီးနှင့် နစက ဥက္ကဋ္ဌတို့မှ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုဌာနနေရာရှိ ဌာပနာတိုက်တော်များအတွင်းသို့ အဖိုးတန်ရတနာရွှေငွေကျောက်သံပတ္တမြားများ၊နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ဌာပနာတော်ပစ္စည်းများ ထည့်သွင်းထားသည့် ရွှေသေတ္တာတော်များနှင့်မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်တည် မော်ကွန်းကမ္ပည်းကျောက်စာတော်တို့ကို ထည့်သွင်းပူဇော်ပြီးခဲ့ကြသည်။

ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့သည့် ဌာပနာတော်သွင်းပွဲတွင်ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ်အပါအဝင် ဗုဒ္ဓမြတ်စွာ ဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၀ ရက် (ယနေ့) တွင်လည်း ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက် မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံအပါအဝင် နိုင်ငံ တကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံ ပတ္တမြားများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာ နများတွင် ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

ထို့အတူ နိုင်ငံတစ်ဝှမ်းမှဘုရားကြီးဘက်စုံအလှူငွေအဖြစ် ငွေကျပ်သိန်းပေါင်း ၈၁၀၀ ကျော်လှူဒါန်းမှုကိုလည်း လက်ခံရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here