နိုင်ငံ၏ စီးပွားရေးတိုးတက်လာစေရန် စီးပွားရေးသံမှူးများမှ အတွေးအမြင် ကျယ်ကျယ်ဖြင့်လုပ်​ဆောင်​ပေးဖို့လိုအပ်

0
219

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက မြန်မာသံရုံးနှင့်မြန်မာကောင်စစ်ဝန်ချုပ်ရုံးများ၌ စီးပွားရေးသံမှူးများအဖြစ်သွား ရောက်တာဝန်ထမ်းဆောင်မည့် ဝန်ကြီးဌာန ၅ ခုမှ အရာထမ်းများအား ဖေဖော်ဝါရီ ၁၀ ရက်နံနက် ၉ နာရီခွဲက ​နေပြည်​တော်တွင်တွေ့ဆုံခဲ့ရာ နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်ရန် ကြိုးစား​ပေးကြရမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးအား ဒေသတွင်းနိုင်ငံများ၌ ရှိသင့်ရှိထိုက်သည့်နေရာတွင် ဖြစ်ပေါ်လာရန် ရည်မှန်းဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

စေလွှတ်လိုက်သည့် စီးပွားရေးသံမှူးများသည် ဝန်ကြီးဌာန(၅)ခုမှ အလယ်အလတ်ဝန်ထမ်းများဖြစ်ကြသည်။

ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုများတွင် ယင်းနိုင် ငံ၏ လက်ရှိအခြေအနေတစ်ခုတည်းကိုမကြည့်ဘဲ နောက်ခံသမိုင်းကြောင်းများကိုလည်း လေ့လာရန်၊၎င်းတို့၏ စီးပွားရေးအမြင်များအားလေ့လာ၍ မိမိနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို အကောင်အထည်ဖော်ရန်၊

ကမ္ဘာ့စီးပွားရေး၊ဒေသတွင်းစီးပွားရေးကို လေ့လာ​ပေးရန်၊မြန်မာနိုင်ငံ၏ စီးပွားရေးအခွင့်အလမ်းများကို မိမိတို့ရောက်ရှိမည့် နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ပါဝင်စားလာ​အောင် ကြိုးစား​ပေးရန်၊မြန်မာနိုင်ငံအနေဖြင့်‌ အရင်းအမြစ် အခွင့်အလမ်းများစွာရှိ​ကြောင်းကို ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလာ​အောင် ဆွဲဆောင်စည်းရုံးရန်၊ရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့်ယှဉ်တွဲ၍ လုပ်ကိုင်လိုစိတ်ဖြစ်ပေါ်လာ​အောင်ဆောင်ရွက်ရန်၊

မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာအချက် အလက်များကို သိရှိအောင်ဆောင်ရွက်၍ တာဝန်ကျသည့် သက်ဆိုင်ရာ နိုင်ငံ၏ စီးပွားရေးအချက်အလက်များကိုလေ့လာကာ မိမိနိုင်ငံ၏ စီးပွားရေးတိုးတက်လာစေရန် စီးပွားရေးသံမှူးများမှ အတွေးအမြင် ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ကာ အစီရင်ခံစာများ ရေးသားပေးပို့ရန် တို့ကိုမှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here