တာချီလိတ်မြို့ရှိ ၅ ထပ်တိုက်အဆောက်အဦးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

0
177

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ် ကွက်ရှိ ၅ ထပ်တိုက်အဆောက်အဦးတွင် ဖေဖော် ဝါရီ ၁၁ ရက်(ယနေ့)နံနက်အစောပိုင်းက မီး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီခန့်က တာချီလိတ်မြို့၊ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ၅ ထပ်တိုက်အ ဆောက်အဦးတွင် မီးလောင်မှုဖြစ်ပွား၍ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်၌ မီးငြိမ်းသွားခဲ့သည်ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

” ၄၅ မိနစ်ကျော်လောက်ငြှိမ်းခဲ့ရတယ် မီးအားအရမ်းပြင်းတယ် ပျက်စီးမှုလည်းများတယ် လူထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo-ဦးလှမိုး(တာချီလိတ်)အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here