ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ သံကူကွန်ကရစ်တံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရ

0
249

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ထော်နွတ်ကျေးရွာအနီးရှိ သံကူကွန်ကရစ်တံတားအား လက်နက် ကိုင်အဖွဲ့ဝင်များက ဖေဖော်ဝါရီ ၉ ရက်နေ့လည်ပိုင်းတွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခန့်က ညောင်လေးပင်မြို့နယ်၊ထော်နွတ်ကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၉၀/၁ နှင့် ၉၀/၂ ကြားရှိ သံကူကွန်ကရစ်အမျိုးအစား(ဒေသအခေါ်)တောင်ဘို့ ၃ လုံးတံတားအား လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ အရှေ့ဘက်လက်ရမ်းနှင့်ကြမ်းခင်းတို့တွင် အလျား ၂၅ ပေ၊ အနံ ၁၀ ခန့် ကျိုးကျပျက်စီးခဲ့သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

“တံတားပျက်စီးသွားတယ် ကားတွေဆိုင်ကယ်တွေကတော့ပုံမှန်အတိုင်းဖြတ်သွားလို့ရတယ် ပျက်စီးမှုရှိပေမယ့် လမ်းသားကိုမထိခိုက်တော့ ဖြတ်သွားရတာတော့အဆင်ပြေပါတယ် ပေါက်ကွဲမှုမှာ လူထိခိုက်တာမရှိပါဘူး”ဟု ညောင်လေး ပင်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှပျက်စီးသွားသည့် တံတားအား ပြန်လည်ပြင်ဆင်ရန် လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူ များက ဆောင်ရွက်လျက်ရှိကာ ပြစ်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက်လည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here