မုဒုံမြို့ရှိ ခုနှစ်ခွေတောင်အဆင်းတွင် ကားတစ်စီးအရှိန်လွန်၍ တောင်စောင်းမှပြုတ်ကျ

0
217

မွန်ပြည်နယ်၊မုဒုံမြို့ရှိ မုဒုံ-ကျိုက်မရောသွားကားလမ်း၏ ခုနှစ်ခွေတောင်အဆင်းတွင် ဖေဖော်ဝါရီ ၁၀ ရက်မွန်းလွဲပိုင်းက ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ တောင်စောင်းမှပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က မုဒုံမြို့ရှိ မုဒုံ-ကျိုက်မရောသွားကားလမ်း၏ ခုနှစ်ခွေတောင်အဆင်းတွင် ကားတစ်စီးအရှိန်လွန်၍တောင်စောင်းပေါ်မှ ပြုတ်ကျသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်တွင် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများမှ သိရသည်။

“အမျိုးသားကတော့ အနည်းအကျဥ်းထိခိုက်မိတာလောက်ပဲရှိတယ် အမျိုးသမီးကတော့ ခါးကိုထိသွားတယ် မြေမြင်ကုသမှုတွေလုပ်ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရသူ ၂ ဦးအား မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here