သံဃာ‌တော်နှင့် သီလရှင်များ Tik Tok တွင် သီချင်းဆိုခြင်း၊ ကခုန်ခြင်းများ မပြုလုပ်ရန် မဟန ထုတ်ပြန်

0
878

ရဟန်း သံဃာ‌တော်များနှင့် သီလရှင်များ Tik Tok နှင့် ဖေ့စ်ဘွတ် လူမှုကွန်ရက်များတွင် သီချင်းဆိုခြင်း ၊ ကခုန်ခြင်း မပြုလုပ်ရန်အတွက် နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟန အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ယခုလို အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း မဟန က ထုတ်ပြန်ထားခြင်းဖြစ်သည်။

Tik Tok ၊ Facebook စသည့်လူမှုကွန်ရက်များတွင် ရဟန်း သာမဏေနှင့် သီလရှင်များ သီဆိုခြင်း၊ ကခုန်ခြင်း စသည့် သာမဏသာရုပ္ပမဖြစ်သည့် အပြုအမူတွေကို မပြုလုပ်ရန် ထုတ်ပြန်ထားပြီး ယင်းသို့ မပြုလုပ်ကြရန်အတွက် သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ကတဆင့် ကျောင်းထိုင်ဆရာတော်များနှင့် ကျောင်းအုပ် ၊ ချောင်အုပ် ၊ ဇရပ်သီလရှင်ဆရာကြီးတွေဆီ အသိပေးလျှောက်ထားကြောင်း မဟန ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ကြေညာချက်ကို မလိုက်နာပါက ရဟန်း၊ သံဃာများ၊ သီလရှင်တွေကို လူဝတ်လဲပြီး သံဃနာယကလုပ်ထုံးတွေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here