ဆီးရီးယားတွင် အရေးပေါ်အကူအညီများ လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် ချက်ချင်း အပစ်အခတ်ရပ်စဲကြရန် ကုလ တိုက်တွန်း

0
178

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၁

ဆီးရီးယားနိုင်ငံရှိ ငလျင်ဒဏ်ခံစားနေရသူ အားလုံးထံ အကူအညီများကို လွယ်ကူချောမွေ့စွာ ပို့ဆောင်နိုင်ရေးအတွက် ချက်ချင်းအပစ်အခတ်ရပ်စဲပေးကြရန် ကုလသမဂ္ဂအခွင့်အရေးအကြီးအကဲက ဖေဖော်ဝါရီလ ၁၀ ရက် သောကြာနေ့တွင် တောင်းဆိုခဲ့သည်။

“တုကီယေးနဲ့ ဆီးရီးယားတို့ အခုလို ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရချိန်မှာ အကူအညီ လိုအပ်နေတဲ့ လူအားလုံးကိုအမြန်ဆုံးကူညီပေးကြဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

“ကုလလူ့အခွင့်အရေးအကြီးအကဲ ဗော့ကာ တက်ခ် က ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲကြဖို့ ချက်ချင်းတောင်းဆိုထားပြီး ပေးပို့မယ့် အကူအညီတွေကိုလည်း လူတိုင်းဆီရောက်နိုင်အောင် လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေတွေ လေးစားလိုက်နာကြဖို့ တောင်းဆိုပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ရေးသားထားသည်။

တနင်္လာနေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဆီးရီးယားနိုင်ငံတွင် အနည်းဆုံး လူ ၃၃၇၇ ဦး သေဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါ ပမာဏသည် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းစစ်အတွင်း သေဆုံးသည့် လူဦးရေထက်ပင် ပိုများနေသည်။

အထူးသဖြင့် ဆီးရီးယားရှိ သူပုန်ထိန်းချုပ်ထားသော ဒေသများသည် အစိုးရထိန်းချုပ်သော ဒေသများထံပေးပို့သည့် အကူအညီများကို ဒမတ်စကတ်၏ ခွင့်ပြုချက်မရရှိဘဲ လက်မခံနိုင်သည့်အတွက် အလွန်ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here