EV ကားများအပါအဝင် ယာဉ်အမျိုးမျိုးအား အာမခံထားရှိရေး MOU ရေးထိုး

0
189

EV လျှပ်စစ်သုံးယာဉ်တွေအပါအဝင် ယာဉ်အမျိုးမျိုးကို အာမခံထားရှိရေးအတွက် မြန်မာ့အာမခံလုပ်ငန်းနှင့် ကားကုမ္ပဏီ၊ ကားအရောင်းစင်တာများအကြား နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းက ထုတ်ပြန်ထားသည်။

မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း(MAMDA) မှထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသော မော်တော်ယာဉ်အမျိုးမျိုး ၊ SKD ယာဉ်အမျိုးမျိုးအား မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိရေး၊ EV လျှပ်စစ်သုံးယာဉ်တွေအပါအဝင် ယာဉ်အမျိုးမျိုးကို မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိရေးနှင့် ပတ်သက်ပြီး မြန်မာ့အာမခံလုပ်ငန်းနှင့် ကားကုမ္ပဏီ၊ ကားအရောင်းစင်တာတွေအကြား နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ ရေးထိုးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လျှပ်စစ်သုံးယာဉ်တွေအတွက် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် အားသွင်းစက် ခုနစ်စုံ ရောက်ရှိလာပြီဖြစ်ကြောင်း၊ လက်ရှိတွင် ကုမ္ပဏီနှစ်ခုမှ အိမ်စီးလျှပ်စစ်ယာဉ်အစီး ၄၀ တင်သွင်းထားပြီး ယင်းမှ ရန်ကုန်လေဆိပ်တွင် ၁၀ စီး၊ နေပြည်တော်သပြေကုန်းဈေးတွင် ၁၀ စီး တက္ကစီအဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ လျှပ်စစ်ကားများ ပြေးဆွဲမှုနှင့်ပတ်သက်ပြီး လက်ရှိတွင် ပြည်သူများအကြား ဝေဖန်မှုမျာလည်းရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here