မြန်မာ့ရုပ်ရှင်အပေါ် ပရိသတ်တို့အမြင်

0
166

film

မြန်မာ့ရုပ်ရှင်လောကမှာ ဝေဖန်မှုတွေရှိသလို မြန်မာရုပ်ရှင်ချစ်ပရိသတ်များရဲ့ အမြင်မှာလည်း လက်ရှိအချိန်ကာလမှာ မြန်မာ့ရုပ်ရှင်က တိုးတက်လာတယ်လို့ အမြင်ရှိတဲ့ ပရိသတ်ရှိနေခဲ့ပါတယ်။ ဝေဖန် မှု၊ အားပေးမှုတွေအကြား ဒွိဟပွားနေတဲ့ မြန်မာ့ရုပ်ရှင်အကြောင်းကိုတော့ ရုပ်ရှင်ချစ် သူ ရုပ်ရှင်ကြည့် ပရိသတ်များရဲ့ မြန်မာ့ရုပ်ရှင်ပေါ်ရှုမြင်တဲ့ ပရိသတ်ရဲ့ ရင်တွင်းဆန္ဒနဲ့ အမြင်တွေကို စုစည်းဖော်ပြပေးလိုက်ရပါ တယ်။

ကိုဇော်ဇော် (ကန်တော်လေး)

” ရုပ်ရှင်ကတော့ အလုပ်အားတဲ့ အချိန်တွေမှာတော့ ကြည့်ဖြစ်တယ်။ မြန်မာဇာတ်ကားရယ်၊ အင်္ဂလိပ်ဇာတ်ကားရယ်လို့တော့ မရွေးဖြစ်ပါ ဘူး။ အားရင် ကြုံရင်ကြုံသလို ဝင် ကြည့်ဖြစ်တယ်။ ဒါပေမဲ့ ရယ်ရတဲ့ ဇာတ်ကား၊ ဟာသဇာတ်ကားဆိုရင် ပိုကြည့်ဖြစ်တာပေါ့။ မြန်မာဇာတ် ကားက တစ်ခါတလေပေါတော တောတွေများတယ်။ နိုင်ငံခြားဇာတ် ကားတွေကတော့ ဇာတ်လမ်းတွေက ကြိုမသိရတော့ နည်းနည်းပိုအရသာ ရှိတာပေါ့။ မြန်မာဇာတ်ကားတွေ တော်တော်များများကြည့်ရင် ဇာတ် လမ်းက ကြိုသိနေသလိုဖြစ်နေတော့ ဇာတ်လမ်းက သိပ်အရသာမရှိဘူး”

မယမင်း (ဗိုလ်တထောင်)

” ရုပ်ရှင်ကတော့ ဟာသဇာတ်ကားတွေပဲကြိုက်တယ်။ တစ်လ တစ်ခါ သူငယ်ချင်းတွေနဲ့ ဆုံပြီး ကြည့်ဖြစ်တယ်။ မြန်မာဇာတ်ကားပဲ ကြည့်ဖြစ် တယ်။ ကိုယ်က အလုပ်ထဲမှာဆိုတော့ စိတ်ညစ်နေတာ၊ စိတ်ရှုပ်နေတာများ တော့ အဲဒါကြောင့်မို့ ဟာသဇာတ်ကားပဲ ကြည့်ဖြစ်တာများတယ်။ အခုနောက်ပိုင်း မြန်မာဇာတ်ကား တွေက ပိုကောင်းလာတယ်။ မြန်မာ ဇာတ်ကားတွေ ဘယ်သူတွေ ဝေဖန်၊ ဝေဖန်ကိုယ်ကြိုက်တာကကြိုက်တာ ပေါ့။ အခုနောက်ပိုင်းအနေအထားဆိုရင်တော့ မြန်မာဇာတ်ကားတွေ တိုးတက်လာမှာပါ”

ကိုညွန့်လှိုင် (မြောက်ဥက္ကလာ)

” ရုပ်ရှင်ကတော့ ကျွန်တော် အလုပ်အားရင် အားသလိုကြည့်ဖြစ်ပါတယ်။ နိုင်ငံခြားဇာတ်ကားတော့ အကြည့်များတယ်။ နိုင်ငံခြားဇာတ် ကားတွေကတော့ ကျွန်တော်တို့ မြန်မာဇာတ်ကားတွေနဲ့စာရင်တော့ သာတာပေါ့။ အခုနောက်ပိုင်း မြန်မာ ဇာတ်ကားတွေလည်း မဆိုးပါဘူး။ မြန်မာဇာတ်ကားကတော့ အင်္ဂလိပ် ဇာတ်ကား၅ကားကြည့်ဖြစ်ရင် မြန်မာ ဇာတ်ကား၁ကားလောက်ပဲ ကြည့်ဖြစ် တယ်။ နောက်ပိုင်းတော့ မီလာပါတယ်။ အခုဆိုရင် ကျွန်တော်တို့ “မအေးပွင့်၊ မြင့်မြင့်စန်း၊ လမ်းသုံးဆယ်” ကြည့်ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ၊ အသံပိုင်းဆိုင်ရာ၊ ကင်မရာအယူအဆတွေအများကြီး တိုးတက်လာ ပါတယ်။ မဆိုးပါဘူး။ နိုင်ငံတကာကို မီဖို့ကအချိန်ရော၊ ငွေရောလိုဦးမှာ ပေါ့။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ ဆိုတာကတော့ အာရှမှာဘယ် အဆင့်၊ ဥရောပမှာဘယ်အဆင့် စသဖြင့်လေ့လာရမှာပေါ့။ အခု ခေတ်က နည်းပညာခေတ်ဆိုတော့ ဒါ ကိုယ့်ရဲ့အစွမ်းအစပေါ်မူတည်ပြီး နိုင်ငံတကာကို ထိုးဖောက်လို့ရမှာ ပေါ့။ အချိန်ယူပြီးတော့သွားရမှာပေါ့”

ဆက်ခိုင်အောင် (စမ်းချောင်း)

” နိုင်ငံခြားဇာတ်ကား ရုပ်ရှင်တွေ တော်တော်များများ ကြည့်ဖြစ်တယ်။ မြန်မာဇာတ်ကားကိုလည်း ကြည့်ဖြစ်ပါတယ်။ နိုင်ငံခြားဇာတ်ကားတွေက ကျွန်တော် ၈ တန်းလောက်က ကြည့် တယ်။ မြန်မာဇာတ်ကားတွေက ငယ်ငယ်တုန်းကတည်းက ကြည့်ဖြစ်တယ်။ အခုတော့ ဟာသမဟုတ်ဘဲနဲ့ ဇာတ်ကြမ်းကားတွေက တော်တော် များများ ကြည့်ဖြစ်တယ်။ နိုင်ငံခြား ဇာတ်ကားကျတော့ သူတို့ရိုက်တာ လည်းပီပြင်တယ်။ ကြည်လည်း ကြည်တယ်။ သရုပ်ဆောင်ချက်တွေ လည်း မိုက်တယ်။ သူတို့ရိုက်ကူးတဲ့ ပုံစံတွေကို သဘောကျတယ်။ အဲဒါ ကြောင့်မို့ နိုင်ငံခြားဇာတ်ကားကို ပိုကြိုက်တယ်။ မြန်မာဇာတ်ကား တွေက တချို့ဇာတ်ကားတွေက ပေါတောတောနဲ့ရယ်တော့ ရယ်ရတယ်။ တချို့ဇာတ်ကားတွေကျ သရုပ် ဆောင်တာတွေ မကြိုက်ဘူး။ သရုပ် ဆောင်တာတွေ၊ ရိုက်ကွင်းတွေက နေရာထပ်နေတာတွေ၊ အိမ်ဆိုလည်း ဒီအိမ်တစ်အိမ်တည်းမှာပဲ အချိန် ကုန်နေတာလေ။ တခြားနေ ရာတွေ သိပ်မသွားဘူး။ သိပ်အကုန် အကျမခံ ဘူးပေါ့။ မြန်မာဇာတ်ကားတွေ ကဟာ သတွေများတော့သိပ်မကြိုက်ဘူး။ကြည့်တာတော့ကြည့်ဖြစ်ပါတယ်”

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here