ဂျပန်နိုင်ငံတွင် နစ်မြုပ်ခဲ့သည့် နိုင်ငံခြားကုန်တင်သင်္ဘောတစ်စီးမှပျောက်နေဆဲမြန်မာနိုင်ငံသားများကို ရေပြင်ရှာဖွေရေးလုပ်ငန်းများရပ်ဆိုင်း၊ ဝေဟင်မှ ရှာဖွေမှုဆက်လက်လုပ်ဆောင်မည်

0
293

မြန်မာနိုင်ငံသားသင်္ဘောသားများပါဝင်သည့် နိုင်ငံခြားကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သည့်ဖြစ်စဉ်တွင် တာဝန်ထမ်းဆောင်နေကြသည့် မြန်မာနိုင်ငံသား(၈) ဦးအနက် ပျောက်ဆုံးနေသည့် ကျန်မြန်မာနိုင်ငံသား (၅) ဦးအတွက် ရေပြင်ရှာဖွေရေးလုပ်ငန်းများ ရပ်ဆိုင်းပြီးဝေဟင်မှ ရှာဖွေမှုဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့မှ သတင်းထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ Nagasaki ကမ်းလွန်ပင်လယ်ပြင်တွင် ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာသင်္ဘောသားများပါရှိသည့် Jin Tian အမည်ရှိ နိုင်ငံခြား ကုန်တင်သင်္ဘောတစ်စီးနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်တွင် မြန်မာနိုင်ငံသား(၈) ဦးအနက် ရှာဖွေတွေ့ရှိသူ (၃) ဦးရှိကာ (၂) ဦးမှာ အသက်ဆုံးရှုံးခဲ့ပြီး (၁) ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ဦးဇေယျာမင်းအား ဂျပန်နိုင်ငံမှ တာဝန်ရှိအဖွဲအစည်းများ၊ သက်ဆိုင်ရာသင်္ဘောကုမ္ပဏီကိုယ်စားလှယ်တို့နှင့် ဆက်သွယ်ကာလိုအပ်သည့် ထောက်ပံ့မှုကိစ္စရပ်များ၊ ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here