အကျဉ်းထောင်တွေအတွက် လိုအပ်သည့် ရိက္ခာဆန်ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထား

0
112

အကျဉ်းဦးစီးဌာနမှ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့ရှိ အကျဉ်းထောင်တွေအတွက် လိုအပ်သည့် ရိက္ခာဆန်များ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ ရိက္ခာဆန်များ ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းကို ရန်ကုန်အပါအဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းများအတွက် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းရှိ အကျဉ်းထောင်စခန်းများမှ အကျဉ်းသား/သူ၊ အချုပ်သား/သူ၊ ရဲဘက်လုပ်အားရှင်များအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ အရန်တစ်လစာအတွက် လိုအပ်သည့် အရန်ဆန် ၄၉၉၇၂ အိတ်ကို ဝယ်ယူရန် တင်ဒါခေါ်ယူထားခြင်းဖြစ်သည်။

ယင်းအပြင် လိုအပ်သော ရိက္ခာဆန်များအနေဖြင့် ဧရာဝတီတိုင်းအတွက် ၁၆၃၀၈ အိတ်၊ ပဲခူးတိုင်းအတွက် ၃၂၃၈၂ အိတ်၊ မကွေးတိုင်းအတွက် ၁၂၂၁၀ အိတ်၊ တနင်္သာရီတိုင်းအတွက် ၁၇၉၈၄ အိတ်၊ ရခိုင်အတွက် ၉၄၉၈ အိတ်နှင့် ကချင်အတွက် ၁၇၇၈၀ အိတ်ဖြစ်ကြောင်း ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here