ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားဖမ်းမိ

0
250

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊(၂၂)ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ဖေဖော်ဝါရီ ၁၀ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့နေ့လည် ၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၂)ရပ်ကွက်၊ဇီဇဝါလမ်းနေ ကျော်ကျော်(၄၅)နှစ်နှင့်ဒေါ်အေးအေးစိုး(၄၄)နှစ်တို့၏နေအိမ်အား ၀င်ရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးနှင့်အတူ နေအိမ်အတွင်း၌ မထူးထူးလတ်(ခ)ထူးထူး(၃၆)နှစ်အားတွေ့ရှိခဲ့ရပြီး စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ ၃ ဦးအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here