ယူကရိန်း နိုင်ငံတော် ဓာတ်အားလိုင်းများကို ရုရှားတိုက်ခိုက်ပြီး အရှေ့ပိုင်းတွင် ခြေကုပ်ယူခဲ့

0
181

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရုရှား၏ ထိုးစစ်အသစ်တစ်ခုလုပ်ဆောင်ရာ ယူကရိန်းနိုင်ငံတစ်ဝန်းရှိ နိုင်ငံတော် ဓာတ်အားလိုင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ခြေကုပ်ရယူခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရုရှားဒုံးကျည် ၇၁ စင်းအနက် ၆၁ စင်းကို သောကြာနေ့က ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောသော်လည်း ယူကရိန်းစွမ်းအင်ဝန်ကြီး German Galushchenko ကမူ ရုရှားတို့ပစ်ခတ်တိုက်ခိုက်သော ဒုံးကျည်များနှင့် ဒရုန်းများကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်း ဒေသခြောက်ခုရှိ ဓာတ်အားပေးစက်ရုံများကို ထိမှန်ခဲ့ပြီး ယူကရိန်းနိုင်ငံ၏ နေရာအများစုတွင် ယခုလျှပ်စစ်မီးပြတ်တောက်နေကြောင်း ပြောကြားခဲ့သည်။

ယူကရိန်း သမ္မတ ဇလန်းစကီးကမူ သူ၏ ဥရောပခရီးစဉ်အတွင်း စိတ်အားထက်သန်ဖွယ်ရာ သတင်းများ လက်ခံရရှိခဲ့ကြောင်းဆိုသည်။

“လန်ဒန်၊ ပါရီနဲ့ ဘရပ်ဆဲလ် မြို့တွေမှာ ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စစ်သားတွေကို ဘယ်လို အားကောင်းအောင် လုပ်ရမလဲဆိုတာကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က နေရာတိုင်းမှာ ကျွန်တော် ပြောခဲ့ပါတယ်။ ကောင်းမွန်တဲ့ နားလည်မှုတွေကို လက်ခံရရှိပါတယ်” ဟု ဇလန်းစကီးက သူ၏ ညစဉ် ဗီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here