အနာဂါတ်နိုင်ငံတော် ပိုမိုတောက်ပအောင် ပါဝင်ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူငယ်များ အသိအမြင်မှန်ကန်ရန်လိုအပ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌပြော

0
247

လာမည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ပထမဆုံးအကြိမ်အဖြစ်စတင်ဆန္ဒမဲပေးမည့် ရမည်းသင်းခရိုင်မှလူငယ် (၂၂၅) ဦးနှင့် တွေ့ဆုံစဥ် ဦးခင်ရီက ပြောကြားခဲ့ခြင်း ဖြစ်သည်။

USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ရမည်းသင်းခရိုင်ရှိ ပထမဆုံးအကြိမ်အဖြစ် ဆန္ဒမဲပေးမည့် လူငယ်များ ဖေဖော်ဝါရီ (၁၀) ရက် နံနက် (၉) နာရီခွဲက ရမည်းသင်းမြို့ရှိ သီလဝခန်းမ၌ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

တွေ့ဆုံစဥ် ပထမဦးဆုံးအကြိမ် မဲပေးမည့်လူငယ်များသိသင့်သိထိုက်သည့် နိုင်ငံ၏သမိုင်းကြောင်း ၊ လက်ရှိအခြေအနေ၊ လူငယ်များ သတိထားသင့်သည့် မလိုသူတို့၏ သွေးထိုးလှုံ့ဆော်သည့် အကြောင်းများ၊ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုကိစ္စများ၊ မဲပေးရာတွင် စဥ်းစားဆုံးဖြတ်ရမည့် အချက်များအား ပြောကြားခဲ့သည်။

ထို့ပြင် လာမည့်အနာဂတ်တွင် နိုင်ငံ၏ အခန်းကဏ္ဍပိုမိုတောက်ပအောင် လူငယ်များလည်းပါဝင် ဆောင်ရွက်ရမည်ဖြစ်၍ လူငယ်များအနေဖြင့် အသိမှန်၊ အမြင်မှန်၊အတွေးမှန်ရန်လိုအပ်ကာ ပညာဝမ်းစာပြည့်ရန် လိုသည်ဟုလည်း မှာကြားခဲ့သည်။

“လူငယ်မောင်မယ်တွေရဲ့ တင်ပြချက်တွေ လိုအပ်ချက်တွေကိုလည်း သေချာမှတ်ထားပြီး တတ်စွမ်းသရွေ့ကူညီ​ဆောင်ရွက်ပေးသွားပါ့မယ်” ဟုလည်း USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီကပြောကြားခဲ့သည်။

ထို့နောက် ပထမဆုံးအကြိမ်အဖြစ် ဆန္ဒမဲပေးမည့်လူငယ်များမှ ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် စနစ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဒေသဆိုင်ရာလိုအပ်ချက်များအား မေးမြန်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ မေးမြန်းမှုများအား USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒု- ဥက္ကဋ္ဌများနှင့် အထွေထွေအတွင်းရေးမှူးတို့က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here