ရနောင်းခရိုင်တွင် ပစ်ကပ်ကားနောက်ခန်းအတွင်းပုန်း၍လိုက်လာသည့် မြန်မာနိုင်ငံသား ၈ ဦးဖမ်းဆီးခံရ

0
328

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်တွင် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈ ဦးသည် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ ဖေဖော်ဝါရီ ၉ ရက်နေ့လည်ပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီခွဲခန့်က ရနောင်းခရိုင်တာဝန်ရှိသူများသည် တရားမဝင်နိုင်ငံသားများဝင်ရောက်လာကြောင်း သတင်းအရ ကရဘူရီမြို့ ကျောပေါရော်ကျေးရွာ၊အုပ်စု ၆ ၊ ဘန့်ဟင်ယိုင်နယ်မြေ၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။

ထိုသို့ စစ်ဆေးစဥ် အသက်(၂၉)နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသားတစ်ဦးမောင်းလာသည့် ပစ်ကပ်ကားအားတွေ့ရှိရသဖြင့် တားဆီးစစ်ဆေးရာကားနောက်ခန်းအတွင်းပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၆ ဦး (စုစုပေါင်း ၈ ဦး)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ မြန်မာနိုင်ငံသား ၈ ဦးသည် ရနောင်းခရိုင်အတွင်းသို့ ရေလမ်းမှဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၀၀၀၀ စီပေးချေခဲ့ရကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here