ထိုင်းနိုင်ငံမှ ၂၄ ဘီးတွဲကားနှင့်မြန်မာနိုင်ငံမှဆိုင်ကယ်တို့ တာချီလိတ်မြို့တွင်တိုက်မိ၍ ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီးသေဆုံး

0
189

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ရန်အောင်မြေရပ် ကွက်(ပါလျံ(၃)ရပ်ကွက်)တွင် ဖေဖော်ဝါရီ ၁၁ ရက်ညနေပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြာင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က တာချီလိတ်မြို့၊ရန်အောင်မြေရပ်ကွက်(ပါလျံ(၃)ရပ်ကွက်) တွင် ထိုင်းနိုင်ငံမှ ၂၄ ဘီးတွဲကားနှင့်ကျိုင်းတုံနောင်ခေကျေးရွာနေ မနန်းဟွမ်ဖောင်း(၃၆)နှစ်မောင်းလာသည့်ဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းလာသည့် မနန်းဟွမ်ဖောင်းသည် ခြေထောက်၊ကျော/ဝမ်း ဗိုက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

“ယာဥ်တိုက်မှုဖြစ်တဲ့နေရာက ယာဥ်ထိန်းရုံးရှေ့မှာပဲ ယာဥ်ထိန်းတပ်ဖွဲ့က အကူအညီတောင်းလို့သွားပြီးကူညီပေးခဲ့ပါတယ် ကလေးမလေးက ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သေဆုံးသွားတာပါ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here