ရုရှားအားကစားသမားများအား အိုလံပစ်ပြိုင်ခွင့်တားမြစ်ရန်တောင်းဆိုခြင်းသည် လက်ခံနိုင်စရာမရှိဟုမော်စကိုပြောကြား

0
126

မော်စကို၊ဖေဖော်ဝါရီ ၁၁

ရုရှားအားကစားသမားများအား ၂၀၂၄ ခုနှစ်အိုလံပစ်ပြိုင်ပွဲဝင်ရောက်ခွင့်မပြုရန် နိုင်ငံပေါင်း ၃၀ ကျော်၏ ဝန်ကြီးများက တောင်းဆိုတားမြစ်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ရုရှားအားကစားဝန်ကြီးကပြောကြားခဲ့သည်။

အမေရိက၊ဂျာမနီနှင့်ဩစတြေးလျအပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံသည် ရုရှားနှင့်ဘယ်လာရုဇ်အားကစားသမားများကို ၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲဝင်ရောက်ခွင့်ပိတ်ပင်ရန် တောင်းဆိုသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ရုရှားအားကစားဝန်ကြီးကမူ ယခုကိစ္စသည်လွတ်လပ်သည့် နိုင်ငံတကာအားကစားအဖွဲ့အစည်းများ၏လှုပ်ရှားမှု၌ အားကစားသမားများ၏ပါဝင်ခွင့်ကို နိုင်ငံရေးနှင့်ရောယှက်ကန့်သတ်လိုက်သည့်အတွက် လက်ခံနိုင်စရာမရှိဟုတုံ့ပြန်ပြောကြားခဲ့သည်။

သို့သော်အပြည်ပြည်ဆိုင်ရာအိုလံပစ်အဖွဲ့အစည်းကမူ ရုရှားနှင့်ဘယ်လာရုဇ်တို့၏ အားကစားသမားများအား မူလအတိုင်းပါဝင်ယှဉ်ပြိုင်ရန်ခွင့်ပြုထားကြောင်းလည်းသိရသည်။၎င်းတို့အနေဖြင့် ပါဝင်ယှဉ်ပြိုင်ခွင့်အားပိတ်ပင်လိုက်ပါက ကုလ၏ခွဲခြားဆက်ဆံခြင်း စံချိန်စံညွှန်းအားချိုးဖောက်ခြင်းမျိုးဖြစ်နေလိမ့်မည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here