<<<< Breaking News >>>>

0
299

ကနေဒါလေပိုင်နက်အတွင်း အမျိုးအမည်မသိယာဉ်ပျံတစ်စင်းပျံသန်းလာပြန်သဖြင့် ပစ်ချရပြန်

ကနေဒါနိုင်ငံ လေပိုင်နက်အတွင်း ဝင်ရောက်ပျံသန်းလာသည့် အမျိုးအမည်မသိယာဉ်ပျံတစ်စင်းအား ကနေဒါနိုင်ငံ ဝန်ကြီးချုပ် Justin Trudeau နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့၏ အမိန့်အရ အမေရိကန်တိုက်လေယာဉ်တစ်စင်းဖြင့် စနေနေ့က ပစ်ချခဲ့သည်။

ကနေဒါလေပိုင်နက်အတွင်းသို့ ချိုးဖောက်ဝင်ရောက်လာသော အမျိုးအမည်မသိယာဉ်ပျံကို ဖယ်ရှားပစ်ရန် အမိန့်ထုတ်ခဲ့ကြောင်း မစ္စတာ Justin Trudeau က သူ၏ တရားဝင် တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။ အမေရိကန်နှင့် ကနေဒါတို့ ပူးပေါင်းဆောင်ရွက်သည့် မြောက်အမေရိက လေကြောင်းကာကွယ်ရေးကွပ်ကဲမှုဖြင့် အမေရိကန် F-22 တိုက်လေယာဉ်တစ်စင်းက အဆိုပါ ယာဉ်ပျံကို ယူကွန်းနယ်မြေပေါ်တွင် ပစ်ချခဲ့ကြောင်း သူကရေးသားထားသည်။

သောကြာနေ့ကလည်း သမ္မတဘိုင်ဒင်၏ အမိန့်ဖြင့် အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ် လေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော အမျိုးအမည်မသိယာဉ်ပျံတစ်စင်းကိုပစ်ချခဲ့သေးသည်။ အမေရိကန်ပြည်ထောင်စု အလာစကာပြည်နယ်နှင့် ကနေဒါနိုင်ငံ ယူကွန်းပြည်နယ်တို့သည် နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ်များဖြစ်ကြသည်။

ကနေဒါတပ်ဖွဲ့များသည် အဆိုပါ ယာဉ်ပျံ၏ အပျက်အစီးများကို ပြန်လည်ရှာဖွေခဲ့ပြီး လေ့လာနိုင်ကြမည်ဖြစ်ကြောင်းကိုလည်း မစ္စတာ Justin Trudeau ကဆိုသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တရုတ်တို့၏ မိုးပျံပူဖောင်းတစ်လုံးအား အမေရိကန်လေတပ်က ပစ်ချခဲ့ပြီးနောက် ယခုကဲ့သို့သော အမျိုးအမည်မသိ ယာဉ်ပျံများ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here