(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲသို့ပြည်နယ်နှင့်တိုင်းများမှယဉ်ကျေးမှုအဖွဲ့ဝင်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များတက်​ရောက်

0
388

နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့မှ ဖေဖော်ဝါရီ ၁၂ ရက်(ယနေ့)တွင်ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲအား ယနေ့ည ၆ နာရီက နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌တည်ခင်းဧည့်ခံခဲ့သည်။

နစက ဥက္ကဋ္ဌမှ ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်လာသည့် တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်ကိုယ်စားလှယ်များ၊တိုင်းနှင့်ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ဒု-ဝန်ကြီးများ ၊ကာကွယ်ရေး ဦးစီးချုပ်ရုံးမှအရာရှိကြီးများ၊ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် နစက အဖွဲ့ဝင်များအားနှုတ် ဆက်ခဲ့သည်။

ဂုဏ်ပြုပွဲ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မီးရှူးမီးပန်းများပစ်ဖောက်ဂုဏ်ပြုခြင်း၊ ဂုဏ်ပြုစာတန်း၊တိုင်းရင်းသားလူမျိုးများနှင့်ဒေသအ ထိမ်းအမှတ်သရုပ်ဖော်ပြကွက်တို့ကို Drone များဖြင့် ပုံဖော်သရုပ်ပြလွှတ်တင်ခဲ့ခြင်းများကိုတက်​ရောက်လာသူများကြည့်ရူအား​ပေးခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲအပြီးတွင် မြို့တော်ခန်းမလေ ဟာပြင်ဇာတ်ရုံ၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနုပညာဦးစီးဌာနမှ အနုပညာရှင် များ၊တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကဖွဲ့များမှ တိုင်းရင်းသားရိုးရာအကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here