ပထုမ်ဌာနီခရိုင်တွင် ခရီးသည်တင်ကားမှတ်တိုင်အား Honda ကားကဝင်တိုက် မြန်မာနိုင်ငံသူတစ်ဦးသေဆုံး

0
200

ထိုင်းနိုင်ငံ၊ပထုမ်ဌာနီခရိုင်၊မင်မြို့ရှိ ခရီးသည်တင်ကားမှတ်တိုင်အဆောက်အဦးအား ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းက Honda ကားမှ အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့သည်။

ယမန်နေ့နံနက် ၈ နာရီကျော်ခန့်က Honda ကားက ပထုမ်ဌာနီခရိုင်၊မင်မြို့၊ဘန်ခူဝပ်ကျေးရွာရှိ ခရီး သည်တင်ကားမှတ်တိုင်အား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိခဲ့သဖြင့် ပထုမ်ဌာနီခရိုင်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်နေရာတွင် Honda ကားမှဝင်တိုက်ခဲ့သဖြင့် ကားမှတ်တိုင်အဆောက်အဦးမှာပျက်စီးသွားခဲ့ပြီး ကားစီးရန်မှတ်တိုင်တွင် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသူတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားသည့် မြန်မာနိုင်ငံသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့် Honda ကားမောင်းသူတို့အား လူမှုကူညီရေးအသင်းဝင်များက ပထုမ်ဌာနီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here