အမေရိကသည် တရုတ်နှင့် ဆက်ဆံရေး တင်းမာနေစဥ်ပင် တောင်တရုတ်ပင်လယ်၌ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ

0
260

တရုတ်၏ မိုးပျံပူဖောင်းကို ပစ်ချမှုနှင့် ပတ်သက်၍ တရုတ်နှင့် ဆက်ဆံရေးတင်းမာနေစဥ်မှာပင် အမေရိကန် ရေတပ်နှင့် မရိန်းတပ်ဖွဲ့တို့သည် တောင်တရုတ်ပင်လယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယူအက်စ်အက်စ် နီမစ်ဇ် လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအုပ်စုနှင့် 13th MEU မရိန်းတပ်ဖွဲ့တို့သည် တောင်တရုတ်ပင်လယ်အတွင်း ပူးတွဲစစ်ဆင်ရေးများ လုပ်ဆောင်နေသည်ဟု ဂျပန်နိုင်ငံအခြေစိုက် အမှတ် ၇ တပ်မဟာရေတပ်အုပ်စုက ပြောကြားထားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောများ၊ မြေပြင်တပ်ဖွဲ့များနှင့် လေယာဉ်များ ပါဝင်သည်ဟု ရေတပ်က ပြောသည်။

စစ်ရေးလေ့ကျင့်မှုကို စနေနေ့ကတည်းက စတင်ခဲ့သော်လည်း မည်သည့်အချိန်တွင် ပြီးဆုံးမည်ကိုမူ ပြောပြခဲ့ခြင်း မရှိပေ။

တရုတ်သည် အဆိုပါ တောင်တရုတ်ပင်လယ်တစ်ခုလုံးအား ၎င်းတို့အပိုင်ဖြစ်သည်ဟု အခိုင်အမာ ဆိုထားသော်လည်း ဒေသတွင်းရှိ အခြားနိုင်ငံများကမူ ငြင်းဆိုထားသည်။ ထို့ကြောင့် အမေရိကသည် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာသွားလာနေပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here