ညောင်လေးပင်ဘူတာတွင် ပေါက်ကွဲမှုဖြစ်ပွား၊လတ်တလော သေဆုံးသူ ၃ဦးနှင့်ထိခိုက်ဒဏ်ရာရသူများရှိ

0
296

ပဲခူးတိုင်း၊ညောင်လေးပင်မြို့၊မြို့မ(၃)ရပ်ကွက်ရှိ ညောင်လေးပင်ဘူတာတွင် ဖေဖော်ဝါရီ ၁၃ ရက် (ယနေ့)မွန်းတည့်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က ညောင်လေးပင်မြို့၊မြို့မ(၃)ရပ်ကွက်ရှိ ညောင်လေးပင်ဘူတာ ၏ သံလမ်းနှင့်ဘူတာပလက်ဖောင်းကြား၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ညောင်လေးပင်ဘူတာတွင် ရထားစီးရန်စောင့်ဆိုင်းနေသူများအနက် အခင်း ဖြစ်နေရာတွင် သေဆုံးသူများနှင့်ထိမှန်ဒဏ်ရာရရှိသူများလည်းရှိခဲ့သဖြင့် ညောင်လေးပင်မြို့အခြေစိုက် လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

“လတ်တလော သေဆုံးသူက ၃ ယောက် ၊ဒဏ်ရာရတာက ၉ ယောက်ရှိတယ် လတ်တလောကျွန် တော်တို့ကူညီထားတဲ့အနေအထားကိုပြောတာ ၊အဲ့ထက်လည်းပိုနိုင်တယ် ထိခိုက်မိတဲ့လူတွေအကုန် လုံးက ရထားစီးဖို့စောင့်နေတဲ့အရပ်သားတွေကြီးပါပဲ ရထားစီးဖို့စောင့်နေတဲ့လူတွေအများကြီးရှိတဲ့အချိန်မှာပေါက်ကွဲသွားတာလို့သိထားတယ် ဒဏ်ရာရထားတဲ့လူတွေထဲမှာလည်း စိုးရိမ်ရတဲ့လူတွေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပေါက်ကွဲမှုဖြစ်စဥ်အား မည်သည့်အဖွဲ့အစည်းမှလုပ်ဆောင်ခြင်းဖြစ်ကြောင်းကို လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here