ချစ်သူများနေ့မှာ ဂြိုလ်တုက ဖမ်းယူရိုက်ကူးမိသော ထိုင်းနိုင်ငံရှိ အသည်းပုံ သစ်တော

0
255

ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (Gistda) သည် ၎င်း၏ဂြိုလ်တုက ဖမ်းယူရိုက်ကူးမိခဲ့သော ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်ရှိ အသည်းပုံသစ်တော၏ ဓာတ်ပုံကို အင်တာနက်ပေါ် ပြန်လည်မျှဝေကာ ချစ်သူများနေ့ကို ကြိုဆိုခဲ့သည်။

အဆိုပါဓာတ်ပုံကို ကမ္ဘာမြေပြင်အထက် ၆၉၄ ကီလိုမီတာအကွာတွင် နေနှင့် တပြေးညီလည်ပတ်နေသော စပေါ့ ၆ ဂြိုလ်တုက ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသည်းပုံသစ်တောသည် ချင်းရိုင်ပြည်နယ် ဖာရာ မန်ဂရိုင်ခရိုင်တွင်တည်ရှိပြီး မြို့ကြီးများနှင့် အလှမ်းဝေးနေသော ဆန်တီတမ်ရွာအတွက် သန့်ရှင်းလတ်ဆတ်သောလေကို ပံ့ပိုးပေးနေသည့် သစ်တောဖြစ်ကြောင်း Gistda ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ စိုင်ယမ် လောဝိရိုဝန် ကဆိုသည်။

Source: The Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here