နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ပြုပြင်ရန်အတွက် ပါကစ္စတန်သို့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့သွားရောက်မည်

0
247

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၄

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အင်မရမ် ခန်းလက်ထက်က တင်းမာခဲ့သော ဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်အတွက် အမေရိကန် နိုင်ငံခြားရေးဌာနသံမှူး ဒဲရက်ခ် ရှိုလက်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်နိုင်ငံသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံသို့ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်အထိ သွားရောက်မည်ဖြစ်ပြီး ဝါရင့်အစိုးရအရာရှိများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

“ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်နိုင်ငံအကြားမှာ ခိုင်မာတဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေရှိအောင်ထပ်မံလု‌ပ်ဆောင်သွားမယ်” ဟု နိုင်ငံခြားရေးဌာနက ပြောခဲ့သည်။

ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စီးပွားရေးနှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှုများကို အမေရိကန်နှင့် ပါကစ္စတန်အရာရှိများက ဆွေးနွေးသွားမည်ဟု အဆိုပါဌာနက ပြောကြားခဲ့သည်။

ပါကစ္စတန်သည် ပြီးခဲ့သည့်နှစ် ရေလွှမ်းမိုးမှုဒဏ်ကြောင့် ပြိုလဲသွားသော စီးပွားရေးကို ပြန်လည်
နလန်ထူနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ညှိနှိုင်းရာတွင် အမေရိက၏ အကူအညီအား ရယူလိုနေသည်ဟု The Dawn သတင်းစာက ဖော်ပြထားသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here