မြန်မာနိုင်ငံသို့လူကုန်ကူးခံခဲ့ရသည့် ဖိလစ်ပိုင်လူမျိုးရှစ်ဦးအားကယ်တင်နိုင်ခဲ့

0
225

မြန်မာနိုင်ငံသို့လူကုန်ကူးခံခဲ့ရပြီး တရုတ်မာဖီးယားဂိုဏ်းများကထိန်းချုပ်ထားသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများ၌ အတင်းအကြပ်ဖိအားပေးစေခိုင်းခံနေရသည့် ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးကို တနင်္လာနေ့ကကယ်တင်နိုင်ခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များကပြောကြားခဲ့သည်။

အရှေ့တောင်အာရှရှိ ငွေလိမ်ဂိုဏ်းများကိုထိန်းချုပ်နေသည့် တရုတ်မာဖီးယားအများစုသည် ဖိလစ်ပိုင်လူမျိုးများ၏ အင်္ဂလိပ်စာစွမ်းရည်နှင့်ကွန်ပျူတာကျွမ်းကျင်မှုများကြောင့် ဖိလစ်ပိုင်လူမျိုးများအား အဓိကပစ်မှတ်ထားလူကုန်ကူးလေ့ရှိသည်ဟုသိရသည်။

တနင်္လာနေ့က နေရပ်ပြန်ပို့ကယ်တင်ပေးနိုင်ခဲ့သည့်ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးအနက် အမျိုးသားလေးဦးအား ဒူဘိုင်းမြို့ကနေအွန်လိုင်းမှတစ်ဆင့် စည်းရုံးသိမ်းသွင်းခဲ့ကြောင်းသိရသည်။၎င်းတို့အား ထိုင်းနိုင်ငံရှိကုမ္ပဏီတစ်ခု၌ ဖောက်သည်များ၏လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရမည်ဟုဆိုကာ အလုပ်ခန့်ခဲ့ခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။ယင်းနောက်ထိုင်းနိုင်ငံသို့ခေါ်သွားခဲ့သော်လည်း ထိုင်းမှတစ်ဆင့်မြန်မာသို့ပြန်လည်ပို့ဆောင်ခြင်းခံလိုက်ရခြင်းဖြစ်ကြောင်းသိရသည်။

အမျိုးသမီးလေးဦးကိုမူ ထိုင်းနှင့်မြန်မာနိုင်ငံသားများသာအသုံးပြုနိုင်သည့် ထိုင်း – မြန်မာချစ်ကြည်ရေးတံတား၌ မြန်မာအာဏာပိုင်များကဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဖိလစ်ပိုင်အပါအဝင် အခြားနိုင်ငံသားများ၏ တရားဝင်သွားလာဝင်ရောက်ခွင့်ရှိသည့်နေရာများမှာ ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်ရှိလေဆိပ်များမှသာဝင်ထွက်ခွင့်ရှိခြင်းဖြစ်သည်။

၎င်းတို့လေးဦးသည်လည်း တရုတ်မာဖီးယားဂိုဏ်းတစ်ခုမှလုပ်ဆောင်သည့် ငွေကြေးလိမ်လည်မှုအလုပ်အတွက် အသုံးပြုခံခဲ့ရကြောင်းသိရသည်။ဖိလစ်ပိုင်လူဦးရေ၏ဆယ်ပုံတစ်ပုံသည် ပြည်ပထွက်အလုပ်လုပ်ကိုင်ကြရပြီး အိမ်အကူ၊သင်္ဘောသားအစရှိသည့်လုပ်ငန်းများ၌ အများဆုံးလုပ်ကိုင်ကြသော်လည်း စာရွက်စာတမ်းခိုင်ခိုင်လုံလုံမရှိကြပဲ အန္တရာယ်များသောလုပ်ငန်းခွင်များ၌ လုပ်ကိုင်နေကြရသည်ဟုလည်းသိရသည်။

Source : Benar News


LEAVE A REPLY

Please enter your comment!
Please enter your name here