ဘားအံမြို့တွင် နေအိမ်ခြံဝင်းအတွင်းရှိ ရေတွင်းထဲသို့ပြုတ်ကျသွားသည့်လူငယ်အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့

0
207

ကရင်ပြည်နယ်၊ဘာအံမြို့၊အမှတ်(၅)ရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်းရှိရေတွင်းထဲသို့ ဖေဖော်ဝါရီ ၁၄ ရက်(ယနေ့)မွန်းတည့်ပိုင်းက အမျိုးသားတစ်ဦးပြုတ်ကျသွားခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့မွန်းတည့် ၁၂ နာရီ ၂၃ မိနစ်ခန့်က ဘားအံမြို့၊အမှတ်(၅)ရပ်ကွက်၊ဥယျာဉ်(၄)လမ်းရှိ နေအိမ်ခြံဝန်းအတွင်းရှိ ရေတွင်းထဲသို့ အသက်(၁၈) နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘားအံခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

“ရေတွင်းထဲကျသွားတဲ့ကောင်လေးက အသက် (၁၈)နှစ်ဝန်းကျင်လောက်ပါ ကယ်ဆယ်ရေးလုပ်ငန်းက ၇ မိနစ်လောက်ပဲကြာခဲ့ပါတယ် အသက်ရှင်ရက်ကယ်ထုတ်နိုင်ခဲ့ပါတယ် ကြီးကြီးမားမားထိခိုက်တာမရှိပေမယ့် လိုအပ်တဲ့ကုသမှုတွေခံယူနိုင်ဖို့ ဘားအံဆေးရုံကိုတော့ပို့ပေးခဲ့တယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ရေတွင်းထဲသို့ပြုတ်ကျသွားသည့်လူငယ်အား ကယ်ဆယ်ပြီးနောက် မာဃလူမှုကူညီရေးအသင်းမှ လူနာတင်ကားဖြင့် ဘားအံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here