မြိတ်မြို့တွင် လုပ်ငန်းခွင် ၌ထိခိုက်သေဆုံးသူ အလုပ်သမား ၃ ဦး၏ မိသားစုဝင်များအား ငွေလုံးငွေရင်းအကျိုးခံစားခွင့် ကျပ်သိန်း ၁၅၀ ကျော်ပေးအပ်

0
139

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် လုပ်ငန်းခွင်အတွင်းထိခိုက်သေဆုံးခဲ့သည့် အလုပ်သမား ၃ ဦး၏ မိသားစုဝင်များအား လူမှုဖူလုံရေးရုံးမှ ငွေလုံးငွေရင်းအကျိုးခံစားခွင့် ကျပ်သိန်း ၁၅၀ ကျော်အား ဖေဖော်ဝါရီ ၁၄ ရက်မွန်းလွဲ ၂ နာရီက ပေးအပ်ခဲ့သည်။

Vantage ငါးအမှုန့်ကြိတ်စက်ရုံမှအလုပ်သမားများဖြစ်သည့် ဦးညီညီဇော်၊ဦးထွန်းဝိုင်းခက်နှင့်ဦးဝင်းစိုးတို့သည် လုပ်ငန်းခွင်၌အလုပ်လုပ်ကိုင်နေစဥ် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် လူမှုဖူလုံရေးရုံးမှ ငွေလုံးငွေရင်း အ ကျိုးခံစားခွင့်အနေဖြင့် ဦးညီညီဇော်၏ အကျိုးခံစာခွင့်ပျမ်းမျှလစာ၏ အဆ ၅၀ ဖြစ်သည့် ငွေကျပ် ၇၂ သိန်းအား မိသားစုဝင်များထံပေးအပ်ခဲ့သည်၊

ထို့ပြင် ဦးထွန်းဝိုင်းခက်၏ အကျိုးခံစားခွင့်ပျမ်း မျှလစာ၏ အဆ ၃၀ ဖြစ်သည့် ငွေကျပ် ၄၃ သိန်း ၂ သောင်း၊ ဦးဝင်းစိုး၏ အကျိုးခံစားခွင့်ပျမ်းမျှလစာ၏ အဆ ၃၀ ဖြစ်သည့် ငွေကျပ် ၄၃ သိန်း ၂ သောင်းတို့ကိုလည်း ၎င်းတို့၏ မိသားစုဝင်များထံပေးအပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် ငွေလုံးငွေ ရင်းအကျိုးခံစားခွင့်များပေးအပ်ခြင်းနှင့် ၂၀၂၁ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များကို မြိတ်ခရိုင်၊လူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိဦးဇော်မြင့်သောင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here