ဆူဒန်တွင် ပစ္စည်းခိုးယူခဲ့သည့် အမျိုးသားသုံးဦးအား လက်ဖြတ်တောက်ကာ ဒဏ်ပေးသည့် အပြစ်စီရင်မှု ဖြစ်ပွား

0
209

ဆူဒန်နိုင်ငံရှိ တရားရုံးတစ်ခုသည် အမျိုးသားသုံးဦးအား ပစ္စည်းခိုးယူမှုကြောင့် လက်ဖြတ်တောက်၍ ဒဏ်ပေးရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသို့သောပြစ်ဒဏ်ကို ဆူဒန်နိုင်ငံ၌ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆူဒန်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံးမြို့တော် အုံးဒါမန်ရှိ အသက် ၂၀ နှစ်ကျော် အမျိုးသားသုံးဦးသည် ဓာတ်ငွေ့ဆလင်ဒါများ ခိုးယူမှုဖြင့် လက်ဖြတ်ကာ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရသည်။

ထို့ပြင် သူတို့အား ခိုးမှုအတွက် စတာလင်ပေါင် သုံးထောင် ဒဏ်ရိုက်ခဲ့ပြီး အခြားသူများအား ထိခိုက်နစ်နာစေမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။

ထိုအမျိုးသားသုံးဦးမှာ လွန်ခဲ့သည့်နှစ်ပတ်ကတည်းက စီရင်ချက် ချမှတ်ခံခဲ့ရသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ယခုမှ လူသိရှင်ကြား သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here