မင်္ဂလာဒုံမြို့နယ်၊ညောင်ပင်မှတ်တိုင်အနီးတွင် ကားသုံးစီးဆင့်တိုက် ၂ ဦးသေဆုံး

0
184

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၃)လမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းက ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယမန်နေ့ည ၁၀ နာရီခန့်က မင်္ဂလာဒုံမြို့နယ်၊အ မှတ်(၃)လမ်းမကြီးပေါ်ရှိ ညောင်ပင်မှတ်တိုင်အနီးတွင် Taxi ကား၊ Hijet ကားနှင့်ဖယ်ရီကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“Taxi ကားက Hijet ကားကိုအရင်ဝင်တိုက်မိတယ် အဲဒီမှာ Hijet ကားက လမ်းဘေးမှာရပ်ထားတဲ့ ဖယ်ရီကားရဲ့နောက်ပိုင်းကိုထပ်တိုက်မိတာပါ သေဆုံးတဲ့လူတွေနဲ့ဒဏ်ရာရတဲ့လူက Hijet ကားပေါ်ကပါ Taxi ကားပေါ်မှာက ကားမောင်းတဲ့လူတစ်ယောက်ပဲပါတယ် သူကတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင် လိုက်ပါလာသူများအနက် အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းများနှင့်ထိခိုက်ဒဏ်ရာရရှိသူတို့အား ပုလဲအရန်မီး သတ်တပ်ဖွဲ့မှ မေဓာဝီဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here