လျှပ်စစ်ကားအတွက် အားသွင်းစက်များ ဒုတိယအကြိမ်ထပ်မံရောက်ရှိ

0
140

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် EV Charger 60KW ငါးစုံသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒုတိယအကြိမ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors ကုမ္ပဏီလီမိတက်မှ ဒုတိယအကြိမ်ထပ်မံတင်သွင်းခြင်းဖြစ်သည်။

ယင်းသို့ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့သည်။

အဆိုပါ EV Charger များကို နေပြည်တော်ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေး၌ (60 KW Charging Station) တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၇ ရက်တွင် EV Charger 60 kw ငါးစုံ နှင့် 200 kw နှစ်စုံတို့သည် MITT ဆိပ်ကမ်းမှ ပထမအကြိမ်ရောက်ရှိထားခြင်းဖြစ်သည်။

ရန်ကုန်၊ နေပြည်တော်နှင့် အမြန်လမ်းတွင်ရှိသည့် စက်သုံးဆီဆိုင်များတွင် လျှပ်စစ်ကားများအတွက် အားသွင်းစက်များ တပ်ဆင်ရန်ညွှန်ကြားထားကြောင်း၊ ယင်းအပြင် ပြည်တွင်းသို့ တင်သွင်းလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားအချို့လည်း ရောက်ရှိနေပြီး ရန်ကုန်နှင့် နေပြည်တော်တို့တွင် အငှားယာဉ်တွေအဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here