ယူကရိန်းထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် နေတိုးတပ်မှူးတို့ အထောက်အပံ့နှင့်လေ့ကျင့်ရေးအတွက်ဆွေးနွေး

0
193

ယူကရိန်းထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် ဥရောပရှိအမေရိကန်ထိပ်တန်းတပ်မှူးတို့သည် ယူကရိန်းတပ်ဖွဲ့များအတွက် စစ်ရေးဆိုင်ရာအကူအညီနှင့်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ဖေဖော်ဝါရီ ၁၃ ရက်နေ့က တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။

ယူကရိန်းတပ်၏အကြီးအကဲ ဗလေးရီဇာလူရှနီ သည် စစ်ပွဲအနိုင်ရရေးအတွက် ၎င်း၏အမြင်များကို

ဥရောပနေတိုးတပ်ပေါင်းစု ၏အကြီးအကဲ အမေရိကန်ဗိုလ်ချုပ်ကြီး ခရစ်စတိုဖာကာဗိုလီနှင့် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာန၏တယ်လီဂရမ်၌ဖော်ပြခဲ့သည်။

“ယူကရိန်းကို နိုင်ငံတကာရဲ့စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးရေးကိစ္စနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပိုင်နက်မှာ ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကို လေ့ကျင့်ပေးရေးကိစ္စဆွေးနွေးခဲ့ပါတယ်” ဟု ဝန်ကြီးဌာနကဖော်ပြထားသည်။

ယူကရိန်းဗိုလ်ချုပ်ကြီးကမူ အမေရိကန်တပ်မှူးအား ၎င်းတို့၏အခြေနေကိုနားလည်ကာ အဆုံးစွန်ထိကူညီပေးမှုများအတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ဟုလည်းပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here