ကမ္ဘာတဝန်းမှအနံ့ခံကယ်ဆယ်ရေးခွေးလေးများသည် တုကီယေးငလျင်ကယ်ဆယ်ရေး၌ အဓိကဖြစ်လာ

0
163

စင်္ကာပူ၊ဖေဖော်ဝါရီ ၁၄

ပြီးခဲ့သည့်အပတ်က တုကီယေး – ဆီးရီးယားငလျင်ကြောင့် လူသောင်းချီသေဆုံးခဲ့ကာ လက်ရှိ၌ သေဆုံးသူဦးရေသရေ ၃၅,၀၀၀ အထိမြင့်တက်လာပြီဖြစ်သည်။

အဆိုပါငလျင်အပြီး ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကမ္ဘာတဝန်းမှ အနံ့‌ခံကယ်ဆယ်ရေးခွေးလေးများသည် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အဓိကအခန်းဏ္ဍမှပါဝင်လာခဲ့သည်။

ငလျင်လှုပ်ပြီးချိန်၌ ကမ္ဘာ့နိုင်ငံများသည် အနံ့ခံခွေးများအပါအဝင် အကူအညီများနှင့်ကယ်ဆယ်ရေး လုပ်သားများစေလွှတ်ရန် လျင်မြန်စွာစုစည်းခဲ့ကြသည်။

စင်္ကာပူကကယ်ဆယ်ရေးအတွက် ဆေးပညာရှင်အချို့နှင့်အရာရှိအချို့ပါဝင်သည့် လူအယောက်နှစ်ဆယ်ပါ ကယ်ဆယ်ရေးအဖွဲ့အားစေလွှတ်ခဲ့ပြီး ၎င်းတို့နှင့်အတူ ကယ်ဆယ်ရေးခွေးလေးကောင်ပါပါဝင်သည်ဟုသိရသည်။

K-9 ယူနစ်မှ ဂျက်ခ်၊တင်မီ၊ရီဇိုနှင့် ဖရန်ချီတို့သည် မြို့ပြရှာဖွေရေးနှင့်ကယ်ဆယ်ရေး ခွေးလေးများ‌ကြောင့် ရှာဖွေရေးဧရိယာကို ပိုမိုထိရောက်စွာရှာဖွေနိုင်ကာ ၎င်းတို့၏အကူအညီဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်ထိရောက်စွာဆောင်ရွက်နိုင်ပြီး အသက်ရှင်လျက်ပိတ်မိနေသူများကိုပါ ကယ်တင်ထားနိုင်သည်ဟုဆိုသည်။

မလေးရှားကလည်း ကယ်ဆယ်ရေးခွေးလေးနှစ်ကောင်အားစေလွှတ်ပေးခဲ့သည်ဟုသိရသည်။မက္ကဆီကိုမှလွှတ်ပေးသည့် ကယ်ဆယ်ရေးအဖွဲ့ဝင်ခွေးလေး ပရိုတီယိုကမူ ကယ်ဆယ်ရေးဆောဆေရွက်နေစဉ် အပျက်အဆီးပုံအောက်မှအသက်ရှင်ကျန်သူအား ကယ်ရန်ကြိုးပမ်းစဉ်သေဆုံးသွားသဖြင့် သူရဲကောင်းခွေးလေးအဖြစ် အများကအသိအမှတ်ပြုခြင်းကိုလည်းခံခဲ့ရသည်။

Source :CNA


LEAVE A REPLY

Please enter your comment!
Please enter your name here