ရန်ကုန်အိမ်ခြံမြေဈေးကွက်ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေ

0
162

လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်နေကြောင်း iMyanmarHouse.com မှ သိရသည်။

“ အိမ်ခြံမြေဈေးကွက်ကပုံမှန်အတိုင်းလေးပဲ ဖြစ်နေတာပေါ့။ မနှစ်ကတော့ ရောင်းအားက တဟုန်ထိုး တိုးတက်သွားတာပေါ့။ အခုကတော့ဈေးကွက်ထဲမှာ ရောင်းအားကပုံမှန်အတိုင်းလေးပဲ ဖြစ်ပါတယ်။ အခုဈေးကွက်ထဲမှာ သိန်း ၁၀၀၀ ပတ်ဝန်းကျင်၊ ဒုတိယလိုက်တာက သိန်း ၄၀၀၊ ၅၀၀ ပတ်ဝန်းကျင်၊ တတိယကကွန်ဒိုတွေပေါ့ သိန်း၂၀၀၀ အထက်၊ နောက်ဆုံးကတော့ မြေကွက်တွေပေါ့”ဟု iMyanmarHouse.com မှ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

လတ်တလောတွင် လူနေထူထပ်သည့် စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် လှည်းတန်းမြို့နယ်တို့တွင် အရောင်းအဝယ်ပိုဖြစ်နေပြီး၊ မြို့တွင်း(down town) ခြောက်မြို့နယ်တွင် အငှားဈေးကွက် ပိုဖြစ်နေကြောင်း သိရသည်။

ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်လိုသူတွေအနေဖြင့် နောက်ပိုင်းတွင် သတ်မှတ်ချက်နှင့် ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကျပ်ငွေအစား အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာ အစရှိသည်တို့တွင် ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံမှုပြုလုပ်လာကြသည့်အတွက် အိမ်ခြံမြေဈေးကွက်သည် အမြင့်ဆုံးအခြေအနေရောက်ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here