ရန်ကုန်ဘူတာကြီးအနီးတွင် အသက် (၅၀) ဝန်းကျင်အိမ်ခြေမဲ့ အမျိုးသားတစ်ဦး သေဆုံးပုတ်ပွလျက် တွေ့ရှိ

0
252

ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ရန်ကုန်ဘူတာကြီးအနီးတွင် သေဆုံးနေသည့် အသက်(၅၀) အရွယ်အိမ်ခြေမဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ ရှိရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ ဖေဖေါ်ဝါရီ (၁၄) ရက် ညနေပိုင်းက ရန်ကုန်ဘူတာကြီး အနီးရှိ မြဝတီစက်သုံးဆီအရောင်းဆိုင်အနီးတွင် အိမ်ခြေမဲ့အမျိုးသားတစ်ဉီး ပုတ်ပွသေဆုံးနေသည်ကို တွေ့ရှိသဖြင့် အသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းမှ သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူမှာ အသက် (၅၀) ဝန်းကျင်အရွယ်ရှိ အိမ်ခြေမဲ့ အမျိုးသားတစ်ဦးဖြစ်‌ပြီး သေဆုံးနေသည်မှာ ရက်အနည်းငယ်ကြာမြင့်နေပြီဖြစ်သည့်အတွက် ပုတ်ပွနေသည့် အနေအထားသို့ ရောက်ရှိနေကြောင်း သိရသည်။

” သေနေတာက နည်းနည်းကြာပြီထင်တယ်။ ပုတ်တောင်ပုတ်နေပြီ ။ လူမှုကူညီရေးအသင်းကကားနဲ့ လာသယ်သွားတယ် ” ဟု မျက်မြင်တွေ့ရသူ ဒေသခံတစ်ဦးက ပြော သည်။

အဆိုပါ ရုပ်အလောင်းအား မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး ရင် ခွဲရုံသို့ PR -042 ဖြင့် စနစ်တကျ ပို့ဆောင်အပ်နှံပေးခဲ့ကြောင်း သိရသ ည်။

ယခုဖြစ်စဉ်အပါအဝင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တစ်ပတ်အတွင်း အိမ်ခြေမဲ့ သေဆုံးသူ (၂) ဦးအထိရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ဓာတ်ပုံ – မင်္ဂလာတောင်ညွန့် လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here