၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ဖြစ်သည့် အမေရိက၊ မက္ကဆီကိုနှင့် ကနေဒါတို့ ခြေစစ်ပွဲ ကန်ဖို့မလို

0
218

မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန် အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းများသည် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အလိုအလျောက် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ဖီဖာ ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။
အဆိုပါသုံးနိုင်ငံစလုံးသည် မြောက်အမေရိက၌ ၂၀၂၆ ကမ္ဘာ့ဖလားကျင်းပရန်အတွက် ဖီဖာက ရွေးချယ်ရာတွင် အိမ်ရှင်နိုင်ငံများအဖြစ် ပူးတွဲရွေးချယ်ခံခဲ့ရသည်။
ထို့ကြောင့် ဖီဖာ၏ အစဉ်အလာအရ အိမ်ရှင်နိုင်ငံများသည် ခြေစစ်ပွဲများ ကန်စရာမလိုဘဲ ကမ္ဘာ့ဖလားတွင် တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲသည် ဖီဖာက ပထမဆုံးအကြိမ် နိုင်ငံသုံးနိုင်ငံအား အိမ်ရှင်အဖြစ် ပူးတွဲ ကျင်းပခွင့်ပေးသည့် ပြိုင်ပွဲလည်း ဖြစ်လာသည်။
ထို့ပြင် ကမ္ဘာ့ဖလား၌ ပုံမှန်အားဖြင့် ၃၂ သင်းသာ ယှဉ်ပြိုင်ခွင့်ရသော်လည်း ၂၀၂၆ ခုနှစ်တွင်မူ ၄၈ သင်းအထိ ပါဝင်ခွင့်ပေးမည်ဟု သိရသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here