ယူကရိန်းအတွက် ခဲယမ်းမီးကျောက် ထုတ်လုပ်မှု မြှင့်တင်ရန် အဖွဲ့ဝင်နိုင်ငံများအား အနားယူတော့မည့် နေတိုးအဖွဲ့အကြီးအကဲ တိုက်တွန်း

0
198

နေတိုး အတွင်းရေးမှူးချုပ် ဂျန်စ်စတိုလ်တန်ဘတ်ချ်က သူ၏ အဖွဲ့ဝင်နိုင်ငံများအား ရုရှားသမ္မတ ပူတင်သည် ယူကရိန်းအား ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း သတိပေးကာ ယူကရိန်းအား ထောက်ပံ့ရန်အတွက် ခဲယမ်းမီးကျောက်ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။

ယူကရိန်း၏ ကျည်သုံးစွဲမှုသည် အနောက်အုပ်စု၏ ကျည်ထုတ်လုပ်မှုနှုန်းထက် ပိုများနေကြာင်း စတိုလ်တန်ဘတ်ချ်က တနင်္လာနေ့တွင် ဘရပ်ဆဲလ်မြို့၌ သတင်းထောက်များအား ပြောခဲ့သည်။

အဆိုပါအခြေအနေသည် ယူကရိန်းအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေရုံသာမက နေတိုးအဖွဲ့အတွက်ပါ မိမိတို့၏ ကိုယ်ပိုင် ခဲယမ်းမီးကျောက်များ ကုန်ခမ်းလာသည်ကို ညွှန်ပြနေကြောင်း သူက ပြောသည်။

ကျည်ပြဿနာအပြင် ယူကရိန်းကိုလည်း ကတိပေးထားသည့် တင့်ကားများနှင့် အခြားလက်နက်ကိရိယာများကို အလျင်မြန်ပေးပို့ရန် လိုအပ်နေသည်ဟု စတိုလ်တန်ဘတ်ချ်က ဆိုသည်။

ယူကရိန်းသည် တစ်ရက်လျှင် အမြောက်ကျည် ခြောက်ထောင်မှ ခုနှစ်ထောင်အထိ အသုံးပြုနေပြီး အဆိုပါပမာဏသည် ရုရှားအသုံးပြုနေသည့် ပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိသည်။

စတိုတန်လ်ဘတ်ချ်သည် နေတိုးအဖွဲ့၏ အကြီးအကဲရာထူးကို ၉ နှစ်ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးနောက် သက်တမ်းဆက်တိုးရန် အစီအစဉ်မရှိကြောင်းနှင့် အောက်တိုဘာလတွင် လူအစားထိုးရန် မျှော်လင့်နေကြောင်းပါ သိရသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here