လျှပ်စစ်ကားတစ်စီး ကျပ်သိန်းတစ်ထောင် နီးပါးရှိနေ

0
406

ပြည်တွင်းကို တင်သွင်းလာသည့် လျှပ်စစ်ကားတွေ၏ ဈေးနှုန်းသည် တစ်စီးလျှင် ကျပ်သိန်းတစ်ထောင်နီးပါးထိ ရှိနေကြောင်း မော်တော်ယာဉ်တင်သွင်းသူတွေဆီက သိရသည်။

လက်ရှိ တင်သွင်းလာသည့် လျှပ်စစ်ကားတွေထဲမှ ရောင်းအားအကောင်းဆုံး မော်ဒယ်ဖြစ်သည့် Atto-3 လျှပ်စစ်ကားကို ပြည်တွင်း၌ ရောင်းချသွားမည်ဖြစ်ပြီး တစ်စီးလျှင် တန်ဖိုး ၉၉၉ သိန်းထိ ရှိကြောင်း၊ လျှပ်စစ်ကားတင်သွင်းမှုတွေအတွက် ဖြေလျော့မှုတွေ ပြုလုပ်ပေးခဲ့ခြင်းကြောင့် မော်တော်ယာဉ်တင်သွင်းရောင်းချသူတွေအနေဖြင့် လျှပ်စစ်ကားနှင့် ဆက်စပ်ပစ္စည်းတွေ တင်သွင်းမှုတွေရှိလာကြောင်း သိရသည်။

“ EV ကားကတော့ အချိန်ကာလတစ်ခုအရ အကုန်လုံးသွားရမယ့်လုပ်ငန်းစဉ်ဖြစ်ပါတယ်။ EV ကားရဲ့ ကျမယ့်‌ဈေးနှုန်း‌‌တွေက အနိမ့်ဆုံးကား၊ Grade အနိမ့်ဆုံးနဲ့ ထုတ်လုပ်တဲ့တိုင်းပြည်တွေကကားတွေတောင်မှ မြန်မာပြည် exchange rate နဲ့တွက်ရင် ၇၀၀ ပတ်ချာလည်လောက်မှ သုံးလို့ရမယ်။ EV ကားကို တင်သွင်းခွင့်ပြုပြီး သုံးရမယ်ဆိုရင် EV ဆိုတာလူသားအကျိုးပြုအတွက်သုံးတဲ့ားမျိုးပါ၊ ဘယ်သူကမှအကျိုးပြုလိမ့်မယ်လို့တော့မထင်ထားကြဘူး”ဟု ကားအရောင်းစင်တာမှ ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောကြားထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် တရုတ်နိုင်ငံထုတ် E2 အမျိုးအစား လျှပ်စစ်ကားအစီးရေ (၄၀) ကို ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခဲ့ပြီး အဆိုပါယာဉ်တွေကို အငှားယာဉ်တွေအဖြစ် စမ်းသပ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here