မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွား

0
308

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ရေတွင်းကုန်းရပ်ကွက်၊(၁၂၂)လမ်းရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် မီးလောင်မှုဖြစ်ပွား၍ တာမွေမြို့နယ်မီးသတ်စခန်း၊မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ် ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့သော်လည်း မီးထိန်းနိုင်ခြင်းမရှိသဖြင့် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်၌ Level 1 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ထို့ကြောင့် နေ့လည် ၃ နာရီ ၃ မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၃ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု သိရသည်။

“မီးလောင်တဲ့အချိန်မှာ တိုက်ခန်းမှာရှိတဲ့လူတွေကို ဝရန်တာကနေတဆင့် အောက်ကိုကယ်ထုတ်ပေးခဲ့ရတယ် ထိခိုက်ဒဏ်ရာရတာတော့မရှိပါဘူး ၃ ယောက်ကတော့ မီးခိုးမွှန်တာလောက်ပဲရှိပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here